NUG နှင့် ဦးကျော်မိုးထွန်း ထောက်ခံချီတက်သည့် ကလေးမြို့ ပင်မ သပိတ်စစ်ကြောင်း

အောက်တိုဘာလ ၁ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၆၀၂ မြောက်အဖြစ် အောက်တိုဘာလ ၁ရက် ယနေ့တွင်ဆက်လက် ဆန္ဒပြသည်။

“Accept NUG & Our ambassador, Reject Dictator” စာတန်းအားကိုင်စွဲပြီး ဦးကျော်မိုးထွန်းနှင့် အမျိုးသားညီညွတ်ရေးအစိုးကို ထောက်ခံကြောင်း နှင့် စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)