“NUG နှင့်ကျွန်ုပ်တို့၏သံအမတ်ကိုလက်ခံပါ၊ အာဏာရှင်ကိုငြင်းပယ်ပါ” ခေါင်းစဉ်ဖြင့် လက်ပံတောင်းတောင်ဒေသ လူထုသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

စက်တင်ဘာ ၃၀ ရက်

စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသ လူထု သပိတ်စစ်ကြောင်းသည် “Accept NUG and Our Ambassador, Reject Dictator (NUG နှင့်ကျွန်ုပ်တို့၏ သံအမတ်ကိုလက်ခံပါ၊ အာဏာရှင်ကိုငြင်းပယ်ပါ)” ခေါင်းစဉ်ဖြင့် ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

“ဒီကနေ့ နယ်မြေမငြိမ်သက် ပေမယ့်လူထုရဲ့တော်လှန်မှုဟာ တော်လှန်ရေး အတွက်အားဖြစ်စေပါတယ်။ လူထုက အရှုံးမပေးသရွေ့ ဒီတိုက်ပွဲ နိုင်မှာပါ။ လက်ရှိ အောင်မြင်မှု ရရှိပြီးသားရလဒ်ကိုပြည်သူလူထုက ထိန်းထားပြီး မလျော့ သော ဇွဲ တွေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားကြရမှာ ဖြစ်လို့ ပြည်သူလူထုရဲ့ အင်အား တွေကို အသုံးချပြီးအာဏာရှင်အသိုက်အဝန်းတစ်ရပ်ကိုအမြစ်ပါမကျန် ဖြိုလှဲပစ်ကြပါစို့” ဟု လူထုသပိတ်စစ်ကြောင်းတွင် ပါဝင်သူများက ဆန္ဒပြုခဲ့ကြသည်။

ထို့ပြင် လက်ပံတောင်းတောင်လူထုသပိတ်စစ်ကြောင်းသည် “UN, Prove Your Existence for Justice (ကုလသမဂ္ဂ၊ တရားမျှတမှုအတွက် သင်၏တည်ရှိမှုကို သက်သေပြပါ)” စသည့်စာသားများကိုကိုင် ဆောင်၍ ချီတက်ဆန္ဒ ပြခဲ့ကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း