ဦးကျော်မိုးထွန်းကို ထောက်ခံသည့် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဆက်လက် ချီတက်ဆန္ဒပြ

စက်တင်ဘာလ ၂၄ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများစုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၆၂ ရက်မြောက်နေ့အဖြစ် ယနေ့ စက်တင်ဘာလ ၂၄ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် ဦးကျော်မိုးထွန်း ကို သံတမန်ရာထူး ဆက်လက်ခန့်ထားနိုင်ရန် နှင့် အမျိုးသားညီညွတ်ရေးအစိုးရအား အသိအမှတ်ပြုရေးတို့အတွက် "Accept NUG and Our Ambassador, Reject Dictator" စာတမ်းကိုကိုင်ဆွဲကာ တောင်းဆိုခဲ့ကြပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ