“ကလေး ပါမကျန်သတ်တဲ့ ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်” ဆိုသည့် ကလေးမြို့သပိတ်စစ်ကြောင်း

စက်တင်ဘာလ ၂၃ ရက်

“ကလေးပါမကျန်သတ်တဲ့ ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်” စာတန်းကိုင်စွဲပြီး ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် စက်တင်ဘာလ ၂၃ ရက် ယနေ့ တွင်ဆက်လက် ဆန္ဒပြခဲ့ကြသည်။

ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းအား လေကြောင်းမှ တိုက်ခိုက်ခဲ့မှုအား ဆန့်ကျင့်သောအားဖြင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ရက်ပေါင်း ၅၉၄ မြောက်အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဟု သိရသည်။

ပင်မသပိတ်စစ်ကြောင်းအနေဖြင့် မိဘပြည်သူများအား စစ်အာဏာရှင်၏ ခေတ်အဆက်ဆက် ဖိနှိပ်ချုပ်ချယ်မှုများကို အပြီးတိုင်ချုပ်ငြိမ်းသွားစေရန် ငြိမ်မခံဘဲ၊ လမ်းမပေါ်သို့တက်ကာ အလံနှင့် အသံကြားရာအရပ်မှ ပူးပေါင်းပါဝင်ကြရန်လည်း တိုက်တွန်း နှိုးဆော်ထားသည်။

ကလေးမြို့ပင်မ ပင်မသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်းဟု သိရသည်။

စာတည်း ။။ Alden

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)