သံအမတ် ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းပြသသည့် ကလေးမြို့ သပိတ်စစ်ကြောင်း

စက်တင်ဘာလ ၂၁ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၅၉၂ မြောက်နေ့အဖြစ် ယနေ့ စက်တင်ဘာလ ၂၁ရက်နေ့တွင် ဆက်လက် ချီတက်ဆန္ဒပြကြသည်။

နိုင်ငံတကာ သံတမန်မျက်နှာစာတွင် ပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိသော ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းပြသည့်အနေဖြင့်" Accept NUG & Our ambassador, Reject Dictator "စာတမ်း အား ကိုင်ဆွဲပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်သည်။

ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက် ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။

စာတည်း ။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး