ယင်းမာပင်မြို့နယ် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၅၀၀ရက်မြောက် ချီတက်ဆန္ဒပြ

စက်တင်ဘာလ ၂၀ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အမှုဆောင်တစ်ဦးနှင့် ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီတို့ ပူးပေါင်းကာ ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။

သပိတ်စစ်ကြောင်းတွင် "အညာရဲ့သွေး သွေးမအေး ရွှေနွယ်မြေရဲ့တော်လှန်ရေး" စာသားပါဘန်နာ၊ "Accept NUG and Our Ambassador, Reject Dictator" စာသားပါ ဘန်နာနှင့် "UN, Prove your existence for justice" စာသားပါ ဘန်နာကိုကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်ကြခြင်း ဖြစ်သည်။

“သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း”တွင် ပြည်သူလူထုမှ သပိတ်ကော်မတီထံ အလှူငွေများ ပေးလှူခြင်း၊ သွေးသစ္စာသီချင်းဆိုခြင်း၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်နေရာတွင် ဦးကျော်မိုးထွန်းအား သံအမတ်ကြီးအဖြစ် ပြန်လည်ခန့်အပ်ရန်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၀၀ ရက်မြောက်နေ့အဖြစ် ချီတက် သပိတ်မှောက်ကြသည်ဟု သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)