သံအမတ် ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းပြသသည့် ကလေးမြို့ သပိတ်စစ်ကြောင်း

စက်တင်ဘာလ ၂၀ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၅၉၁ မြောက်အဖြစ် စက်တင်ဘာလ ၂၀ရက် ယနေ့တွင် ဆက်လက် ဆန္ဒပြသည်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ဝန်းရံလျက် နိုင်ငံတကာ သံတမန်မျက်နှာစာတွင် ပြည်သူများနှင့် အတူရပ်တည်လျက်ရှိသော ကုလသမဂ္ဂ သံအမတ်ဦးကျော်မိုးထွန်း ကို ထောက်ခံကြောင်းပြသည့်အနေဖြင့်" Accept NUG & Our ambassador, Reject "စာတန်းအား ကိုင်စွဲပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)