ကာကွယ်ရေးတပ်ဖွဲ့ဝန်းရံ၍ သံအမတ် ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းပြသသည့် ကလေးမြို့ သပိတ်စစ်ကြောင်း

စက်တင်ဘာလ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၅၉၀ ရက်မြောက်နေ့အဖြစ် ယနေ့စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြသည်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ဝန်းရံလျက် ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို သံတမန်ရာထူး ဆက်လက်ခန့်အပ်ရန် ထောက်ခံကြောင်း "Accept NUG & Our ambassador, Reject " စာတန်းကို ကိုင်ဆွဲပြီး ပင်မသပိတ်စစ်ကြောင်း နှင့်အတူ ကျောင်းသားလူငယ်များက စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်သည်။

ကလေးမြို့ပင်မသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)