ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ သံအမတ်အဖြစ် ထောက်ခံ၍ ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

စက်တင်ဘာလ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိရွာများ စုပေါင်း၍စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၅၇ ရက် မြောက် အဖြစ် ယနေ့ စက်တင်ဘာ ၁၈ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြသည်။

လူထုသပိတ်စစ်ကြောင်းသည် ဉီးကျော်မိုးထွန်း ကို သံတမန်ရာထူး ဆက်လက် ခန့်ထားနိုင်ရန် နှင့် အမျိုးသားညီညွတ်ရေး အစိုးရအား အသိအမှတ်ပြုရေးတို့အတွက် "Accept NUG and Our Ambassador, Reject Dictator" စာတမ်းကိုကိုင်စွဲ တောင်းဆိုခဲ့ကြပြီး စစ်အာဏာရှင် အလိုမရှိ ကြောင်းကြွေးကြော် သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင်၍ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း။ ။မောင်ကောင်း