ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းပြသသည့် ကလေးမြို့ သပိတ်စစ်ကြောင်း

စက်တင်ဘာလ ၁၆ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၅၈၇ ရက်မြောက်အဖြစ် ယနေ့ စက်တင်ဘာလ ၁၆ ရက် နေ့တွင်ဆက်လက် ချီတက်ဆန္ဒပြသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် နေရာတွင် ဦးကျော်မိုးထွန်းကို သံတမန်ရာထူး ဆက်လက်ခန့်အပ်ရန် ထောက်ခံကြောင်း "Accept NUG & Our ambassador, Reject ကို "စာတမ်းကို ကို ကိုင်စွဲ၍ ပင်မသပိတ်စစ်ကြောင်းနှင့်အတူကျောင်းသားလူငယ်များက စစ်အာဏာရှင် အလိုမရှိကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက် မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။

(ပုံသတင်း)

စာတည်း။ ။မောင်ကောင်း