ကုလသမဂ္ဂ သံအမတ်အဖြစ် ဦးကျော်မိုးထွန်းအား ဆက်လက်ခန့်အပ်ရေး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

စက်တင်ဘာ ၁၆ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၅၄ ရက် မြောက်အဖြစ် ယနေ့ စက်တင်ဘာ ၁၆ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် ဉီးကျော်မိုးထွန်း ကို သံတမန်ရာထူး ဆက်လက် ခန့်ထားနိုင်ရန် အတွက် "Accept NUG and Our Ambassador, Reject Dictator" စာတန်းကိုကိုင်စွဲ တောင်းဆိုခဲ့ကြပြီး စစ်အာဏာရှင် အလိုမရှိကြောင်းကြွေးကြော် သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)