ဖားကန့်တွင် ဦးကျော်မိုးထွန်းနှင့် KIA, PDF, NUG တို့ကိုသာထောက်ခံကြောင်း ဆန္ဒထုတ်ဖော်

စက်တင်ဘာလ ၁၃ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ KIA, PDF, NUG တို့ကိုသာထောက်ခံကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြတ်ချေမှုန်းရေးသပိတ်ကို စက်တင်ဘာလ ၁၃ ရက် နေ့ကပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြ ပြည်သူများက “ အမှန်တရားဘက်ကရပ်တည်တဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံပါတယ်”၊ “KIA၊ PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ”၊ “NUG အစိုးရ ဒို့အစိုးရ ၊ လူသတ် အကြမ်းဖက် စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့်မရစေရ”၊ “တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်စို့ “၊ “နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ကိုအောင်ရမည်” စသည့်ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ခဲ့ကြခြင်းဖြစ်သည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)