ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝန်းရံ၍ ကလေးမြို့သပိတ်စစ်ကြောင်း ဆက်လက်ချီတက်

စက်တင်ဘာလ ၁၂ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၅၈၃ မြောက်အဖြစ် စက်တင်ဘာလ ၁၂ရက် ယနေ့တွင် ဆက်လက် ဆန္ဒပြသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝန်းရံလျက် ဦးကျော်မိုးထွန်း ကို သံတမန်ရာထူးဆက်လက် ထားရှိရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရအားအသိအမှတ်ပြုရန်" Accept NUG & Our ambassador, Reject Dictator "စာတန်းကို ကိုင်စွဲပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)