ယင်းမာပင်မြို့နယ်က ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၄၉၁ ရက်မြောက် ချီတက်ဆန္ဒပြ

စက်တင်ဘာလ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် နယ်မြေမတည်ငြိမ်မှု များကြားမှ ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။

သပိတ်စစ်ကြောင်းသည် "Accept NUG and Our Ambassador, Reject Dictator"စာသားပါဘန်နာနှင့် "UN, Prove your existence for justice" စာသားပါ ဘန်နာကိုကိုင်စွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်ကြသည်။

“သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း” သည် ကမ္ဘာ့ကုလသမဂ္ဂ နေရာတွင် ဦးကျော်မိုးထွန်းအား သံအမတ်အဖြစ် ပြန်လည်ခန့်အပ်ရန် နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၉၁ ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ကြခြင်း ဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ