ကျောင်းသားလူငယ်များနှင့် ပူးပေါင်းပြီး ဆန္ဒပြသည့် ကလေးမြို့သပိတ်စစ်ကြောင်း ဆက်လက်ချီတက်

စက်တင်ဘာလ ၉ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ရက်ပေါင်း ၅၈၀ မြောက်အဖြစ် စက်တင်ဘာလ ၉ရက်၊ ယနေ့တွင် ဆက်လက်ဆန္ဒပြသည်။

ဒေသခံ ကျောင်းသား လူငယ်များနှင့် ပူးပေါင်းပြီး " Accept NUG & Our ambassador, Reject Dictator "စာတန်းကို ကိုင်စွဲပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)