နယ်မြေ မတည်ငြိမ်မှုများကြားမှ ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဆက်လက်ချီတက်

စက်တင်ဘာလ ၉ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၄၇ ရက်မြောက်အဖြစ် ယနေ့ စက်တင်ဘာ ၉ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြကြသည်။

စစ်ကောင်စီတပ်က လက်ပံတောင်းတောင်မှ ကြေးများသယ်ယူမည့် ကားများကို လုံခြုံရေးယူထား၍ ပတ်ဝန်းကျင်အား လက်နက်ကြီးများဖြင့် ပစ်ခတ်နေသော်လည်း လူထုသပိတ်စစ်ကြောင်းသည် ဦးကျော်မိုးထွန်း ကို သံတမန်ရာထူး ဆက်လက်ထားရှိရန်အတွက် "Accept NUG and Our Ambassador, Reject Dictator" စာတန်းကိုကိုင်စွဲပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)