ချောင်းဦးမြို့နယ် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ပြန်လည်ချီတက် ဆန္ဒပြ

စက်တင်ဘာလ ၇ ရက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် " Accept our Ambassador, Reject Dictator" စာသားကိုင်ဆွဲ၍ ယနေ့စက်တင်ဘာလ ၇ ရက်နေ့တွင် ပြန်လည်ချီတက် ဆန္ဒပြကြသည်။

" Credentials Challenge နှင့် ပတ်သက်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း အား တစ်ခဲနက် ထောက်ခံပေးကြဖို့ နှင့် ရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲများအား ဆက်လက် ဖော်ဆောင်ပေးကြဖို့ " သပိတ်ခေါင်းဆောင်မှ ဟောပြောခဲ့သည်။

သပိတ်စစ်ကြောင်းတွင် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ မှ ကိုသန်းကျော်ဦး၊ မုံရွာ LGBT သပိတ်ဦးဆောင်သူ Gus Gus တို့မှ သွားရောက် ပူးပေါင်း ဝန်းရံခဲ့ကြသည်ဟု ဆိုသည်။

ချောင်းဦးမြို့နယ် အတွင်း လူထုသပိတ်တိုက်ပွဲများအား မဖော်ဆောင်နိုင်ခဲ့သည်မှာ အချိန်တစ်ခု ကြာမြင့်လာရာ ယခုအချိန်အတွင် ချောင်းဦးမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာတွင် ချောင်းဦးမြို့နယ် ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းကို အရှိန်အဟုန်ဖြင့် ပြန်လည်ချီတက် ဆန္ဒပြခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)