စစ်ကိုင်းတိုင်းအတွင်းမှ ရွာပေါင်းစုံ သပိတ် စစ်ကြောင်း

စက်တင်ဘာလ ၆ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းရှိ ရွာများစုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုအဖြစ် ယနေ့ စက်တင်ဘာ ၆ရက်တွင် ဆက်လက် ချီတက် ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် ဦးကျော်မိုးထွန်း ကို သံတမန်ရာထူး ဆက်လက် ထားရှိရန် တောင်းဆိုခဲ့ကြပြီး "Accept NUG and Our Ambassador, Reject Dictator" စာတန်းကို ကိုင်စွဲပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်းဟုသိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)