ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း ၅၇၀ ရက်မြောက် ဆက်လက်ချီတက်

ဩဂုတ်လ ၃၀ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၅၇၀ မြောက်အဖြစ် ဩဂုတ်လ ၃၀ရက် ယနေ့တွင်ဆက်လက် ဆန္ဒပြသည်။

“Reject Military to Stop Inhumanity Accept NUG to Save Democracy” စာတန်းကို ကိုင်စွဲပြီး စစ်အာဏာရှင်အလိုမရှိကြောင်းဆန္ဒထုတ်ဖော်ခဲ့သည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)