ရွာပေါင်းစုံသပိတ်စစ်ကြောင်း ၅၃၇ ရက်မြောက် ဆက်လက်ချီတက်

ဩဂုတ်လ ၃၀ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှု ၅၃၇ ရက်မြောက်အဖြစ် ယနေ့ ဩဂုတ်လ ၃၀ ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြကြသည်။

“Reject Military Accept NUG” စာတမ်းကို ကိုင်စွဲပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံ များဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်း သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း။ ။ စောဖေ