ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၅၃၆ ရက်မြောက် ဆက်လက်ချီတက်ဆန္ဒပြ

ဩဂုတ်လ ၂၉ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၃၆ ရက် မြောက်အဖြစ် ယနေ့ ဩဂုတ်၂၉ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြကြသည်။

“Reject Military to Stop Inhumanity Accept NUG to Save Democracy စာတန်းများကိုင်စွဲပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော် သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)