ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း ၅၆၇ ရက်မြောက် ချီတက်ဆန္ဒပြ

ဩဂုတ်လ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၅၆၇ ရက်မြောက်အဖြစ် ယနေ့ဩဂုတ်လ ၂၇ရက်တွင် ဆက်လက် ဆန္ဒပြကြသည်။

“ချုပ်ချယ်ရင်ရုန်းကန် ၊ ဖိနှိပ်ရင်တွန်းလှန် ၊ တိုက်ပွဲအောင်လံ လွှင့်ထူကြ” စာတန်းကို ကိုင်ဆွဲပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ကြသည်။

ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၁ ခုနှစ်မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက်ဆန္ဒပြနေခြင်း ဖြစ်သည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)