ဩဂုတ်လ ၂၄ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ရက်ပေါင်း ၅၆၃ ရက်မြောက်အဖြစ် ဩဂုတ်လ ၂၄ ရက် ယနေ့တွင် ဆက်လက် ဆန္ဒပြသည်။
“ဘယ်မျဉ်းစောင်းထိထိ ငါတို့နဲ့ငြိတာပဲ”စာတမ်းကို ကလေးမြို့ရှိ တံတားပေါ်တွင် ချိတ်ဆွဲ၍ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။
ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက် ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက်ဆန္ဒပြနေခြင်း ဖြစ်သည်။
(ပုံသတင်း)
စာတည်း ။ ။ စောဖေ