“ဘယ်မျဉ်းစောင်းကိုထိထိ ငါတို့ကိုငြိတာပဲ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

ဩဂုတ်လ ၂၄ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၃၁ ရက်မြောက်အဖြစ် ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ဘယ်မျဉ်းစောင်းကိုထိထိ ငါတို့ကိုငြိတာပဲ” စာတမ်းများကိုင်စွဲပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှစတင်၍ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း ။ ။ စောဖေ