လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ

ဩဂုတ်လ၂၁ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း နှင်းဆီရောင် အမျိုးသမီး များ သမဂ္ဂ(ထားဝယ်)မှဦးဆောင်၍ ယနေ့ သြဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် LGBT ၊ အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီနှင့် လူငယ်အချို့လည်း ပူးပေါင်းပါဝင်ခဲ့ကြသည်ဟု သိရသည်။

"ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုကို လုံးဝလက်သင့်မခံဘဲ အုံကြွဖီဆန် တော်လှန်ကြပါက ကျမတို့ရဲ့ တော်လှန်ရေးဟာ အောင်မြင်မှုရရှိမှာ မုချပါပဲ။ ဒါကြောင့်မို့ ပြည်သူတွေ အနေနဲ့ ကျမတို့ရဲ့ တိုင်းပြည်နဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂတ် အမှောင်ထုထဲ မကျရောက်စေရေးအတွက် တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းလိုပါတယ်"ဟု ဦးဆောင်သူက ပြောသည်။

နှင်းဆီရောင် အမျိုးသမီးထု လှုပ်ရှားမှုကို စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် အမျိုးသမီး များ၏ပါဝင်မှု အခန်းကဏ္ဍကိုမြှင့်တင်နိုင်ရန်နှင့် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများ ပပျောက် စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့မှစတင်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ စောဖေ