ယင်းမာပင်မြို့နယ် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၄၇၄ ရက်မြောက် ချီတက်ဆန္ဒပြ

ဩဂုတ်လ ၂၁ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၌ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် "ဖက်ဆစ်စစ်တပ်ကို ပြည်သူ့တရားခွင်မှာ တရားစီရင်ဖို့သာ ငါတို့အလိုရှိတယ်"စာသားပါ ဘန်နာကိုင်ဆွဲ ၍ ယနေ့ သြဂုတ်လ ၂၀ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြကြသည်။

“စစ်ကောင်စီဟာသူတို့ အာဏာတည်မြဲဖို့ ဘယ်သူ့ကိုမှ ကြည့်နေမှာမဟုတ်ဘူးဆိုတာကို ကျမတို့တွေ အလေးအနက်သိထားသင့်တယ်။ စစ်ကောင်စီဟာ ကျမတို့အိမ်တွေကို ဘယ်နေ့မီးရှို့မလဲဆိုတဲ့စိတ်တွေနဲ့ ကျမတို့ပြည်သူတွေ ရှင်သန်နေရတယ်။

စစ်ကောင်စီမြန်မြန်ကျရှုံးဖို့ ကျမတို့ပြည်သူတွေက လှူနိုင်တဲ့ နေရာကလှူ၊ ကူနိုင်တဲ့နေရာကကူပေးဖို့လည်း လိုအပ်တယ်။ ကျမတို့ပြည်သူတွေ လက်တွဲညီညီနဲ့ သွားဖို့ ဟာလည်းအရေးကြီးတယ်။ ဒီလိုမှမဟုတ်ဘဲ ကျမတို့တွေတော်လှန်ရေးကို ကိုယ်နဲ့မဆိုင်သလိုနေရင် တော်လှန်ရေးဟာ ပိုကြာသွားနိုင်တယ်။

ဒါကြောင့် တော်လှန်ရေး မြန်မြန်ဆန်ဆန်အောင်မြင်ဖို့ ကိုယ်နိုင်ရာ တော်လှန်ရေးလမ်းစဉ်တွေကနေ ထဲထဲဝင်ဝင် ပါဝင်ပေးကြဖို့ ပြောကြားချင်ပါတယ်” ဟု သပိတ်ခေါင်းဆောင်က ပြောသည်။

“သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း” သည် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၇၄ ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ကြခြင်း ဖြစ်သည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ စောဖေ