ရေကြီး​ရေလျှံမှုဖြစ်​ပေါ်ခဲ့သည့် ရန်ကုန်မြို့၏ ​နေ့လယ်ပိုင်းမြင်ကွင်း

ဩဂုတ်လ ၁၇ ရက်

ယမန်​နေ့ညမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိ ​နေရာအ​တော်အများတွင် ​ရေကြီး​ရေလျှံမှုများ ဖြစ်​ပေါ်ခဲ့သည်။

ခရီးသည်တင်ယာဥ်များ​ပြေးဆွဲရာ လမ်းမကြီးများပေါ်ထိ ​ကားဘီးမြုပ်သည့်အ​နေအထား​ရောက်​အောင် ​ရေကြီးခဲ့သည့်အတွက် ​ယ​နေ့ နံနက်ပိုင်းတွင် သွားလာ​ရေးများ ခက်ခဲခဲ့ရသည်။

အချို့​နေရာများတွင် မိုးတိတ်၍ ရေကြီးမှုမ​လျော့​သေး​သော်လည်း ရန်ကုန်မြို့လယ်​ခေါင်နှင့် အနီးတစ်ဝိုက် ထိစပ်မြို့နယ်များ၌ ​ရေပြန်ကျသွားပြီဖြစ်သဖြင့် ယခု ​နေ့လယ်ပိုင်းမှစတင်ကာ ပုံမှန်အတိုင်းပြန်လည် သွားလာနိုင်ပြီဖြစ်သည်။

မြို့နယ်အချို့ရှိ ရပ်ကွက်အတွင်းလမ်းကြားများတွင် ​မြောင်း​ရေတက်ခြင်းမှစ၍ အိမ်အတွင်းသို့ ​ရေဝင်မှုများလည်းရှိသည်ကို ကြားသိရပြီး ၎င်းအ​ခြေအ​နေများကိုပါ မဇ္ဈိမမှ ဆက်လက်​ဖော်ပြ​ပေးမည် ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)