အမေရိကန်မှာ ကာကွယ်ဆေးလိုအပ်ချက်တွေကို သက်တမ်းတိုးထားတာကြောင့် အင်ဒီယန်းဝဲလ်စ်နဲ့ မိုင်ယာမီအိုးပင်းပြိုင်ပွဲတွေကို ဂျိုကိုဗစ် လွဲချော်မည်

အမေရိကန်မှာ ကာကွယ်ဆေးလိုအပ်ချက်တွေကို သက်တမ်းတိုးထားတာကြောင့် အင်ဒီယန်းဝဲလ်စ်နဲ့ မိုင်ယာမီအိုးပင်းပြိုင်ပွဲတွေကို ဂျိုကိုဗစ် လွဲချော်မည်
Photo: EPA

နိုင်ငံတကာခရီးသွားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ အမေရိကန်ပြည်ထောင်စုကနေ ယင်းရဲ့ လိုအပ်ချက်ကို သက်တမ်းတိုးမြှင့်ပြီးနောက် နိုဗက် ဂျိုကိုဗစ်ဟာ အင်ဒီယန်းဝဲလ်စ်နဲ့ မိုင်ယာမီအိုးပင်း တင်းနစ်ပြိုင်ပွဲတို့ကို လွဲချော်မှာဖြစ်ပါတယ်။

အမေရိကန်ကို ဝင်ရောက်မယ့်သူတွေအနေနဲ့ ကာကွယ်ဆေးလိုအပ်ချက်ကို အနည်းဆုံး ဧပြီ ၁၀ ရက်အထိ သက်တမ်းတိုးခဲ့ပေမယ့်လည်း ဆားဘီးယားရဲ့ ဂျိုကိုဗစ်က သူဟာ ကာကွယ်ဆေးမထိုးရသေးကြောင်း အရင်က ပြောပါတယ်။

အင်ဒီယန်းဝဲလ်စ်နဲ့ မိုင်ယာမီအိုးပင်းပြိုင်ပွဲတွေဟာ ဂရန်းစလင်းပြင်ပ တင်းနစ်ပြက္ခဒိန်မှာ အထင်ကရပြိုင်ပွဲတွေဖြစ်ပြီး လာမယ့် မတ်လ ၆ ရက်နဲ့  ၂၀ ရက်တွေမှာ အသီးသီးစတင်မှာစြဖ်ပါတယ်။

အသက် ၃၅ နှစ်ရှိ ကမ္ဘာ့နံပါတ်တစ်ဟောင်း ဂျိုကိုဗစ်ဟာ လက်ရှိချိန် သြစတြေးလျမှာ ရှိနေပြီး သူ့ရဲ့ ကာကွယ်ဆေးထိုးနှံမှုအခြေအနေကြောင့် သြစတြေးလျအိုးပင်းပြိုင်ပွဲမတိုင်မီ ၁၂ လအကြာမှာ နိုင်ငံကနေ ပြန်ပို့ခံခဲ့ရဖူးသူဖြစ်ပါတယ်။

သြစတြေးလျဟာ ဇူလိုင်လက ယင်းကာကွယ်ဆေးထိုးလိုအပ်ချက်တွေကို ဖြေလျှော့ချခဲ့ပြီး ဂျိုကိုဗစ်ရဲ့ သုံးနှစ်ဗီဇာပိတ်ပင်မှုကို နိုဝင်ဘာလက ပယ်ဖျက်ပေးခဲ့ပါတယ်။

သူဟာ ဇန်နဝါရီ ၁၆ ရက်မှာ စတင်မယ့် ဩစတြေးလျ အိုးပင်းပြိုင်ပွဲမှာ သူ့ရဲ့ ပထမဆုံးသော အဓိကပြိုင်ပွဲဖြစ်ပြီး လက်ရှိမှာ Adelaide International ပြိုင်ပွဲ ဒုတိယအဆင့်ကို ရောက်ရှိနေပါတယ်။

ဂျိုကိုဗစ်ဟာ မဲလ်ဘုန်းမှာ ချန်ပီယံ ၉ ကြိမ်ရရှိပြီး ရာဖေးလ် နာဒါးလ်ရဲ့  ၂၂ ကြိမ်မြောက် ဂရန်းစလင်း ချန်ပီယံစံချိန် ဆုထက် တစ်ခုအသာမှာသာရှိပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly