ဆိုင်ကယ်ပြိုင်ပွဲတွေ ရပ်နားနေချိန်မှာ ပရိသတ်တွေ မပျင်းရအောင် ဖျော်ဖြေပေးသူလေး

ဆိုင်ကယ်ပြိုင်ပွဲတွေ ရပ်နားနေချိန်မှာ ပရိသတ်တွေ မပျင်းရအောင် ဖျော်ဖြေပေးသူလေး

MotoGP ပြိုင်ပွဲတွေမှာ ကိုယ်ဟန်ပြမယ်လည်းဖြစ်၊ ကြော်ငြာမော်ဒယ်လည်းဖြစ်တဲ့ အီဗာ ပက်ဒ်လော့ကတော့ သူမရဲ့ အင်စတာဂရမ်ပရိသတ်တွေကို မပျင်းရလေအောင် ဓာတ်ပုံတွေနဲ့ ဖျော်ဖြေလိုက်ပြန်ပါတယ်။

ဆိုင်ကယ်ပြိုင်ပွဲတွေကနေတစ်ဆင့် နာမည်ရလာပြီး မော်ဒယ်တစ်ယောက်ဖြစ်လာခဲ့တဲ့ အီဗာဟာ အင်စတာဂရမ်ပရိသတ် ၁.၆ သန်းအထိ ပိုင်ဆိုင်ထားသူဖြစ်ပြီး လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲတွေ နားထားတာမို့ နေအိမ်တွင်းမှာသာ နေထိုင်နေရတာပါ။

 
 
 
 
 
 
 
 
 
 
 
 
 

@fashionnova ad #new #lingerie

A post shared by Eva Padlock (@evapadlock) on

၂၀၂၀ ပြည့်နှစ်ရဲ့ MotoGP ဆိုင်ကယ်ပြိုင်ပွဲတွေကို အချိန်အကန့်အသတ်မရှိ ရပ်နားထားခဲ့ပြီး ဆိုင်ကယ်သမားတွေ၊ ဝန်ထမ်းတွေနဲ့ ပြိုင်ပွဲရဲ့ မော်ဒယ်တွေဟာ သူတို့ရဲ့ နေအိမ်တွေမှာပဲ အချိန်ဖြုန်းနေခဲ့ရပါတယ်။

အီဗာကတော့ သူမရဲ့ အင်စတာဂရမ်ပေါ်မှာ လိမ္မော်ရောင်အကျႌလေးနဲ့ ဆွဲဆောင်မှုရှိနေတဲ့ ဓာတ်ပုံတွေကို တင်သွားခဲ့တာဖြစ်ပြီး ပရိသတ် တစ်သိန်းကျော်လောက်က အားပေးခဲ့ကြတာပါ။

 
 
 
 
 
 
 
 
 
 
 
 
 

#quedateencasa @fashionnova fashionnovapartner

A post shared by Eva Padlock (@evapadlock) on

အီဗာဟာ အမျိုးသမီးတွေအတွက် အွန်လိုင်းကနေ အဝတ်အထည်တွေရောင်းချတဲ့ ဖက်ရှင်ကုမ္ပဏီ Fashion Nova နဲ့ စာချုပ် ချုပ်ထားသူဖြစ်ပြီး သူမတင်တဲ့ အင်စတာဂရမ်ပို့စ်တော်တော်များများက Fashion Nova က အဝတ်အထည်တွေကို ဝတ်ဆင်ပြရတာ ဖြစ်ပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 

@fashionnova fashionnovapartner

A post shared by Eva Padlock (@evapadlock) on

အဲဒီလို ဝတ်ဆင်ပြမှုအတွက် အင်စတာဂရမ်ပို့စ်တစ်ခုကို ဒေါ်လာ သောင်းချီရတယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး အင်စတာဂရမ်မော်ဒယ်တစ်ယောက်အနေနဲ့ အီဗာဟာ အောင်မြင်မှုရနေခဲ့ပြီလို့ The Sun က သုံးသပ်ပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 

@fashionnova fashionnovapartner

A post shared by Eva Padlock (@evapadlock) on

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly