မန်ချက်စတာ ယူနိုက်တက် အသင်းပိုင်ရှင်တွေ ဘောလုံးကလပ်ကို စံချိန်တင် ရောင်းချဖို့ မျက်စိကျနေ

မန်ချက်စတာ ယူနိုက်တက် အသင်းပိုင်ရှင်တွေ ဘောလုံးကလပ်ကို စံချိန်တင် ရောင်းချဖို့ မျက်စိကျနေ
အစ်ကိုဖြစ်သူ Bryan နဲ့အတူ  Avram (ဘယ်) နဲ့ Joel Glazer တို့ကို ၂၀၁၄ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)

အမေရိကန်ပိုင်ရှင်တွေ ၁၇ နှစ်ကြာ မန်ချက်စတာယူနိုက်တက်ကို ပိုင်ဆိုင်ခဲ့ပြီးနောက် သူတို့ရဲ့ အင်္ဂလန်ဘီလူးကြီးကို ရောင်းချမယ်ဆို ဘောလုံးကလပ်အတွက် စံချိန်တင်ပမာဏကို ပြန်ရယူသွားမှာဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ပရီးမီးယားလိဂ်အသင်းက သူတို့ဟာ "ကလပ်ထဲကို ရင်းနှီးမြှုပ်နှံမှုအသစ်၊ ရောင်းချတာ ဒါမှမဟုတ် ကုမ္ပဏီနဲ့ ပတ်သက်တဲ့ တခြားလွှဲပြောင်းတာတွေအပါအဝင် မဟာဗျူဟာမြောက် တခြားရွေးချယ်စရာတွေ အားလုံး"ကို စဉ်းစားနေတယ်"လို့ အင်္ဂါနေ့နှောင်းပိုင်းက ကြေညာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းပိုင်ရှင်တွေ ရော်နယ်လ်ဒို ထွက်ခွာသွားတာကြောင့် ကလပ်ကို ရောင်းချဖို့ စဉ်းစားနေ

၂၀၀၅ ခုနှစ်မှာ မန်ယူကို ဝယ်ယူဖို့ ပေါင်သန်း ၇၉၀ (ဒေါ်လာ ၉၃၄ သန်း) သုံးစွဲခဲ့ပြီးနောက် ဂလေဇာမိသားစုဟာ ကလပ်ကို ကြီးမားတဲ့ ကြွေးမြီတွေနဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့ပါတယ်။ သူတို့ဟာ ကလပ်ကို ရောင်းချမှုကနေ ပေါင် ၅ ဘီလီယံ (ဒေါ်လာ ၆ ဘီလီယံ) ဝန်းကျင် ရရှိနိုင်တယ်လို့ လေ့လာသူသုံးသပ်သူတွေက ပြောပါတယ်။

ဗြိတိန်ဘီလျံနာနှင့် ယူနိုက်တက်ပရိသတ် ဂျင်မ်ရက်ကလစ်ဖ်ဟာ အင်္ဂလိပ်ပြိုင်ဘက် လီဗာပူးလ်နဲ့ မန်စီးတီးတို့နောက်မှာ ချန်ပီယံဆုဖလားတွေ ဆွတ်ခူးနိုင်မှုနဲ့ ကွင်းကို ခေတ်မီအောင် ပြင်ဆင်လုပ်ဆောင်မှုတွေမှာ ကျရှုံးခဲ့တဲ့ ကလပ်အတွက် ရှေ့ပြေးဝယ်ယူလိုသူအဖြစ် ရှုမြင်ခံရပါတယ်။

 Ineos chemical group ကို ပိုင်ဆိုင်တဲ့ ရက်ကလစ်ဖ်ဟာ မေလက ပရီးမီးယားလိဂ်တခြားအသင်းဖြစ်တဲ့ ချယ်လ်ဆီးကို ကမ်းလှမ်းမှု မအောင်မြင်ပြီးနောက် ယူနိုက်တက်ကို ဝယ်ယူဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြသခဲ့ပါတယ်။ လန်ဒန်ကလပ်ဟာ နောက်ဆုံးမှာ ကမ္ဘာ့စံချိန်တင်ပေါင် ၂.၅ ဘီလီယံနဲ့ ရောက်ရှိသွားခဲ့ပါတယ်။

SKEMA Business School က အားကစားနဲ့ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ စီးပွားရေး ပါမောက္ခ ဆိုင်းမွန် ချဒ်ဝစ်က စိတ်ဝင်စားမှုဟာ ယူကေ ပြင်ပကနေလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

"ယူနိုက်တက်ကို ထောက်ခံသူ အများအပြားရှိတဲ့ အရှေ့တောင်အာရှက ဘီလျံနာတွေ၊ မလေးရှား ဒါမှမဟုတ် အင်ဒိုနီးရှားက ဘီလျံနာတွေက စိတ်ဝင်စားလိမ့်မယ်လို့ ကျနော် စိတ်ကူးကြည့်နိုင်ပါတယ်။ အဲဒါ ဒါမှမဟုတ် အမေရိကန် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစုတစ်ခုပေါ့"လို့ သူက AFP ကို ပြေကြားခဲ့ပါတယ်။

ဥရောပရဲ့ ထိပ်သီးအသင်းတွေဟာ စူပါလိဂ်ပြိုင်ပွဲအတွက် ပံ့ပိုးမှုမှာ အောင်မြင်မှုမရရှိခဲ့ပြီးနောက် ယူနိုက်တက်ဟာ ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှုလိုအပ်နေတာနဲ့အတူ ကလပ်အသင်းဟာ သူ့ရဲ့တန်ဖိုးအမြင့်ဆုံးကို ရောက်ရှိသွားပြီဖြစ်ကြောင်း ဂလေဇာတို့က ယုံကြည်နိုင်ဖွယ်ရှိတယ်လို့ ချဒ်ဝစ်က ဖြည့်ဆွတ်ပြောဆိုခဲ့ပါတယ်။

"စူပါလိဂ် ဆွေးနွေးမှုတွေက ဖြစ်မလာမချင်း၊ ဆက်ပြီး ကမောက်ကမ ဖြစ်နေလိမ့်မယ်၊ ဒါပေမယ့် ဒါတွေက စီးပွားရေး ခက်ခဲတဲ့အချိန်တွေ ဖြစ်ပြီး ဘောလုံးဟာ ကုန်ကျစရိတ် မြင့်မားတဲ့ အင်ဒစထရီတစ်ခခုဖြစ်တယ်"လို့ သူက ပြောပါတယ်။

ယူနိုက်တက်ရဲ့ "အိုးထရက်ဖို့ဒ် (ကွင်း)ဟာ ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှု လိုအပ်ပါတယ်။ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ဟာ သူတို့ရဲ့ အားကစားကွင်းတွေကို ခေတ်မီအောင် လုပ်ဆောင်နေကြတာကို မြင်တွေ့ခဲ့ရပြီး အင်္ဂလန်မှာ တော့တင်ဟမ်ကို ကြည့်ပါ။ သူတို့ဟာ အခုချိန် NFL ပွဲစဉ်တွေကနေလည်း ဝင်ငွေရနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်"

မန်နေဂျာ အဲရစ်တန်ဟက်ဂ်နဲ့ ခရစ္စတီယာနို ရော်နယ်လ်တို့ရဲ့ ဆက်ဆံရေးပျက်ပြယ်ပြီးနောက် သူ့ရဲ့ စာချုပ်ဖျက်သိမ်းပြီး ချက်ချင်း ထွက်ခွာသွားကြောင်း အင်္ဂါနေ့က ကြေညာအပြီး သရဲနီတို့ဟာကြယ်ပွင့်တစ်ဦးကို ရှာဖွေလျက်ရှိပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required