ရော်နယ်လ်ဒိုရဲ့ မှတ်ချက်တွေ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် 'သင့်လျော်သော ခြေလှမ်းတွေ'ကို ယူနိုက်တက် လုပ်ဆောင်သွားမည်

ရော်နယ်လ်ဒိုရဲ့ မှတ်ချက်တွေ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် 'သင့်လျော်သော ခြေလှမ်းတွေ'ကို ယူနိုက်တက် လုပ်ဆောင်သွားမည်
Photo: EPA

အိုးလ်ထရက်ဖို့ဒ်မှာ သူ့ရဲ့အနာဂတ်ကို သံသယဖြစ်စရာ ချန်ထားခဲ့နိုင်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ပေါက်ကွဲထွက်လာတဲ့ အင်တာဗျူးတစ်ခုအပြီးမှာ မန်ချက်စတာယူနိုက်တက်က "သင့်လျော်တဲ့ခြေလှမ်းတွေကို စတင်လုပ်ဆောင်နေပြီ"လို့ သောကြာနေ့က ပြောပါတယ်။

ဘလွန်းဒီအော် ၅ ကြိမ်ဆုရှင်ဟာ TalkTV က ထုတ်လွှင့်တဲ့ မိနစ် ၉၀ အင်တာဗျူးမှာ သူဟာ ယူနိုက်တက်မန်နေဂျာ အဲရစ် တန်ဟက်ဂ်ကို မလေးစားကြောင်း၊ ကလပ်အသင်း ပိုင်ရှင်တွေ၊ ဂလေဇာမိသားစုကို ရည်ရွယ်ဦးတည်ပြီး ပြောပါတယ်။

“မန်ချက်စတာယူနိုက်တက်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ မကြာသေးခင်က မီဒီယာအင်တာဗျူးအတွက် သင့်လျော်တဲ့ခြေလှမ်းတွေကို ဒီမနက်မှာ စတင်လုပ်ဆောင်ခဲ့ပါတယ်”လို့ ကလပ်အသင်းက ထုတ်ပြန်ခဲ့ပါတယ်။

"ကျနော်တို့တွေ ဒီလုပ်ငန်းစဉ် အဆုံးသတ်မပြီးမချင်း နောက်ထပ် မှတ်ချက်ပေးမှာ မဟုတ်ပါဘူး။"

ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က သရဲနီတွေဟာ ရာသီကုန်မှ ကုန်ဆုံးမယ့် ရော်နယ်လ်ဒိုရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူးလို့  ပြောကြားလိုက်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့ ကာတာမှာ သူ့ရဲ့ ၅ အကြိမ်ကမ္ဘာ့ဖလားပြီးတဲ့အထိ မန်ချက်စတာကို ပြန်လာမှာ မဟုတ်ပါဘူး။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required