ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်သွားပြီးနောက် သူ့ရဲ့အသင်းမှာ ယုံကြည်မှုအပြည့်ရှိတယ်လို့ ပြောပါတယ်။
ဥရောပချန်ပီယံ ၁၄ ကြိမ် စံချိန်တင်ထားတဲ့ ရီးယဲလ်တို့ဟာ လီဗာပူးလ်ကို ဆန်တီယာဂို ဘာနေဗျူးမှာ ၁-၀ ဂိုးနဲ့ အနိုင်ရကာ နှစ်ကျော့ပေါင်း ၆-၂ ဂိုးနဲ့ နောက်ဆုံး ရှစ်သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
မက်ဒရစ်ဟာ ၁၀ ရာသီအတွင်း ချန်ပီယံလိဂ်ဖလားကို ၆ ကြိမ်မြောက်ရရှိဖို့ ရည်မှန်းထားပြီး အန်ဆယ်လော့တီက သူ့အသင်းရဲ့ ပြီးခဲ့တဲ့ ရာသီမှာ အံ့အားသင့်ဖွယ်ကောင်းတဲ့ ပြေးလမ်းက သူတို့ကို ယုံကြည်မှုများစွာပေးခဲ့တယ်လို့ ယုံကြည်နေပါတယ်။
ရီးယဲလ်ဟာ ဗိုလ်လုပွဲမှာ လီဗာပူးလ်ကို အနိုင်မယူခင် ပဲရစ်စိန့်ဂျာမိန်း၊ ချယ်လ်ဆီးနဲ့ မန်ချက်စတာစီးတီးတို့ကို အံ့အားသင့်ဖွယ်ကောင်းတဲ့ come back နဲ့ ပြန်လာခဲ့ပါတယ်။
မက်ဒရစ်က ကလော့ပ်ရဲ့ အသင်းနဲ့ ရှုံးထွက် (၁၆)အသင်းအဆင့် ပထမအကျော့ပွဲမှာတောင် ၂ ဂိုးအရှုံးကနေ ပြန်လာပြီး ၅-၂ ဂိုးနဲ့ အနိုင်ယူပြခဲ့ပါတယ်။
"မနှစ်က ဖြစ်ပျက်ခဲ့တာတွေကြောင့် ကျနော်တို့မှာ ယုံကြည်မှုတွေ ပိုရှိလာပါတယ်၊ ဒါက ကျနော်တို့ကို ယုံကြည်မှုတွေ အများကြီးပေးခဲ့ပါတယ်"လို့ အန်ဆယ်လော့တီက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“ဒီပွဲမှာ အားကောင်းတဲ့ အသင်းကြီးနဲ့ နှစ်ပွဲကစားပြီး ကောင်းကောင်းလုပ်ပြနိုင်ခဲ့တာကို ကျနော်တို့ ဒီပွဲမှာ မြင်ခဲ့ရပါတယ်။
"ဒါပေမယ့် နောက်ပိုင်းမှာ ယုံကြည်မှု တစ်ခုတည်းနဲ့ ကျနော်တို့ ဆီမီးဖိုင်နယ်ကို မရောက်နိုင်ပါဘူး။ ကျနော်တို့က အံ့အားသင့်စရာ ဘောလုံးကစားရတယ် ... အမြဲတမ်းလိုလိုပေါ့၊ ချန်ပီယံလိဂ်က အရမ်းရှုပ်ထွေးပြီး ကျနော်တို့ အဆုံးအထိ ယှဉ်ပြိုင်ရမယ်"
နည်းပြက လီဗာပူးလ်နဲ့ပွဲမှာ ဝါရင့်ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ မိုဒရစ်၊ တိုနီခရူးစ်နဲ့ လူငယ်ကစားသမား ကာမာဗင်ဂါတို့ဟာ ကောင်းကောင်း တွဲဖက်ကစားပြနေတာနဲ့အတူ သူ့ရဲ့အသင်းမှာ လူငယ်နဲ့ အတွေ့အကြုံရင့်ကစားသမားတွေ ရောနှောပေါင်းစပ်မှုကို ချီးကျူးခဲ့ပါတယ်။
အန်ဆယ်လော့တီက “ဝါရင့်သမ္ဘာရင့် ကစားသမားတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ နှိမ့်ချမှုနဲ့ စိတ်ရှည်သည်းခံမှုတွေရှိတဲ့ ကစားသမားတွေက ဖန်တီးထားတဲ့ ဝန်းကျင်ပါပဲ။
“အဓိကက ဝါရင့်တွေရဲ့ နှိမ့်ချမှုပါပဲ၊ သူတို့ မှာ အတ္တ မရှိဘူး၊ လူငယ်တွေအပေါ် သည်းခံနိုင်မှုက သူတို့တွေရဲ့ ရှေ့မှာ အခုထိ ထူးခြားကောင်းမွန်တဲ့ ကစားသမားဘဝတွေရှိနေတဲ့ ကစားသမားတွေ ဖြစ်လို့ပါပဲ။
"မိုဒရစ်နဲ့ ကရူ့စ်တို့ဟာ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ ကစားသမားဘဝတွေကြောင့် ကစားနေကြတာမဟုတ်ပါဘူး၊ သူတို့ဟာ ဒါကို ထိုက်တန်လို့ပဲ ကစားနေကြတာပါ။"
ကလော့ပ်ဟာ ဥရောပပွဲကြီးပွဲကောင်းတွေမှာ ရီးယဲလ်မက်ဒရစ်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ချီးကျူးခဲ့ပါတယ်။
"သူတို့က ဒါကို အကောင်းဆုံးနည်းလမ်းနဲ့ ကိုင်တွယ်လေ့ရှိပြီး ဒီနှစ်ထဲမှာ သူတို့ပြန်လုပ်နိုင်မလားဆိုတာ ကျနော်တို့ စောင့်ကြည့်ရမှာပဲ"လို့ လီဗာပူးလ်နည်းပြက ပြောပါတယ်။
“ကံမကောင်းစွာနဲ့ပဲ ကျနော်တို့ ဒီပွဲကြီးတွေကို အဝေးကနေ ကြည့်ရမှာပါပဲ။
"ရိုးရိုးသားသားပြောရရင် ဘယ်သူ ဗိုလ်စွဲမလဲဆိုတာ ကျနော် မသိပါဘူး။ စောင့်ကြည့်ရမှာက စိတ်ဝင်စားစရာပါ။"
(AFP)