မိုးဇလ ဦးထွန်​းလွင်​ ကွယ်​လွန်​သည်​့သတင်​း ​ကောလာဟလသာဖြစ်​

မိုးဇလ ဦးထွန်​းလွင်​ ကွယ်​လွန်​သည်​့သတင်​း ​ကောလာဟလသာဖြစ်​
ဓာတ်​ပုံ - မြတ်​စုထွန်​းလွင်​

မိုးဇလပညာရှင်​ ​ဒေါက်​တာထွန်​းလွင်​ ကွယ်​လွန်​သွားပြီဟု ပြည်​တွင်​းလူမှုကွန်​ရက်​စာမျက်​နှာများတွင်​ ပျံ့နှံ့​နေ​သော သတင်​းများမှာ ​ကောလာဟလသာဖြစ်​​ကြောင်​း ​ဒေါက်​တာထွန်​းလွင်​၏ သမီးဖြစ်​သူက ပြန်​လည်​ရှင်​းလင်​းထားသည်​။

"စိတ်ပူပေးကြတဲ့သူအားလုံး ဆုတောင်းပေးကြတဲ့သူအားလုံး ကျေးဇူးတင်ပါတယ်။ ဖေဖေသက်သာလာပါပြီ။ ဆုံးတယ်ဆိုတာ ကောလဟာလပါ။"ဟု ​ဒေါက်​တာထွန်​းလွင်​၏ သမီးတစ်​ဦးဖြစ်​​သော မမြတ်​စုထွန်​းလွင်​က သူ့၏လူမှုကွန်​ရက်​တွင်​ ​ရေးသားထားသည်​။

ဆရာကြီး​ဒေါက်​တာထွန်​းလွင်​သည်​  Grand Hantha ဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး ကျန်​းမာ​ရေး ပြန်​လည်​​ကောင်​းမွန်​ကာ စိုးရိမ်​ဖွယ်​ရာ မရှိ​ကြောင်​း သူ့၏ မိသားစုဝင်​များက လူမှုကွန်​ရက်​မှတဆင်​့ ​ရေးသားထားကြသည်​။

ဆေးကုသမှုခံယူနေသည့် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်၏ လက်ရှိ ကျန်းမာရေးမှာ ကောင်းမွန်ကြောင်း Grand Hantha ဆေးရုံမှ တာဝန်ကျဝန်းထမ်းတစ်ဦးကလည်း မဇ္စျိမကို အတည်ပြုထားသည်။

"ဆရာကြီး ကျန်းမာပါတယ်။ အခု ဆေးသောက်နေပါတယ်"ဟု အဆိုပါ ဝန်ထမ်းက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly