လက်တင်အမေရိကတွင် တရုတ်က စစ်ရေးနှင့် စီးပွားရေး ဆက်ဆံမှု အားကောင်းလာစေရေး ကြိုးပမ်းနေ

လက်တင်အမေရိကတွင် တရုတ်က စစ်ရေးနှင့် စီးပွားရေး ဆက်ဆံမှု အားကောင်းလာစေရေး ကြိုးပမ်းနေ

ယူကရိန်းတွင် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ရုရှားနှင့် အမေရိကန်ကြား တင်းမာမှုများ မြင့်တက်လာချိန်တွင် လက်တင်အမေရိကတွင် တရုတ်က ၎င်း၏ တည်ရှိမှုကို စစ်ရေးနှင့် စီးပွားရေးအရပါ တိုးမြှင့်ရန် ကြိုးပမ်းနေခြင်းသည် စိုးရိမ်စရာဖြစ်လာကြောင်း Foreign Policy မဂ္ဂဇင်းက မတ်လ ၁၄ ရက်တွင် ဖော်ပြခဲ့သည်။

လက်တင်အမေရိကနှင့် ကာရေဘီယံဒေသအတွင်း စစ်ဘက် ဆက်ဆံရေးတွင် တရုတ်စစ်တပ်(PLA) သည် မကြာသေးမီ ဆယ်စုနှစ်များအတွင်း အားကောင်းလာခဲ့သည်။

၂၀ဝ၀ ပြည့်နှစ်များအစောပိုင်းကတည်းက PLA ထိပ်တန်းခေါင်းဆောင်များသည် ယင်းတို့၏ လုပ်ဖော် ကိုင်ဖက် များနှင့် တွေ့ဆုံရန် ဒေသတွင်းသို့ အကြိမ်ပေါင်း ၂၀ဝ ကျော် လာရောက်လည်ပတ်ခဲ့ပြီး PLA ရေတပ်သည် ကျူးဘား ကဲ့သို့သော အမေရိကန်နှင့်နီးစပ်သည့် ဒေသတွင်းရှိ ဆိပ်ကမ်းအများအပြားကို ရောက်ရှိခဲ့ ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

အမေရိကန်ကမ်းရိုးတန်းများအနီးတွင် တရုတ်၏ စစ်အင်အား တိုးမြင့်လာခြင်းကြောင့် ထိုင်ဝမ်အရေးသည် အနာဂတ်တွင် အချိန်မရွေး ပိုမိုဆိုးရွားလာပါက ကျူးဘားနှင့် အခြားလက်တင်အမေရိကနိုင်ငံများကဲ့သို့ အနီးနားနိုင်ငံများတွင် တပ်ဖြန့်ချထားခြင်းဖြင့် အမေရိကန်ကို ခြိမ်းခြောက်နိုင်သည့် အနေအထားသို့ ရောက်ရှိသွားမည်ဟု ဆောင်းပါးက ဆိုသည်။

ပိုးလမ်းမရပ်ဝန်းသစ်စီမံကိန်း(BRI) မှ ဦးဆောင်သည့် ဒေသတွင်းတွင် တရုတ်၏ စီးပွားရေး ဖြန့်ကျက်မှုများအကြောင်းလည်း ဆောင်းပါးတွင် ဆွေးနွေးဖော်ပြခဲ့သည်။

အုပ်စု၏ အကြီးဆုံးစီးပွားရေးဖြစ်ပြီး မကြာသေးမီက လက်မှတ်ရေးထိုးခဲ့သော အာဂျင်တီးနားအပါအဝင် လက်တင်အမေရိကနှင့် ကာရေဘီယံဒေသရှိ နိုင်ငံပေါင်း ၂၁ နိုင်ငံသည် ယခုအခါ BRI တွင် ပါဝင်လာခဲ့ကြောင်း ကွန်ဂရက်သုတေသနလုပ်ငန်းအဖွဲ့က ဆိုသည်။

အရှေ့အလယ်ပိုင်းနှင့် အာဖရိကတွင် မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများကို ကိုးကားပြီး စစ်ရေး ရည်ရွယ်ချက်အတွက် ရိုးရှင်းသည်ဟု ထင်ရသော စီးပွားဖြစ်အကျိုးစီးပွားများကို အသုံးပြုနေသည့် တရုတ်၏ ချည်းကပ်ပုံ အကြောင်း ဆောင်းပါးတွင် ဆက်လက်ဖော်ပြထားသည်။

ဥပမာတစ်ခုမှာ တရုတ်သင်္ဘောလုပ်ငန်းစု Coscoက တည်ဆောက်ပြီး ယခုအခါ ကူးသန်းရောင်းဝယ်ရေး အဆင်ပြေစေရန် အဘူဒါဘီ မြောက်ဘက် မိုင် ၅၀ ခန့်ရှိ ခါလီဖာဆိပ်ကမ်းတွင် စီးပွားဖြစ် ကွန်တိန်နာဂိတ်တစ်ခုကို ဖွင့်လှစ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly