နီပေါနယ်စပ်မှတ်တိုင်များ နေရာရွေ့နေပြီး တရုတ်နှင့် ဆက်ဆံရေး ကျဆင်းလျှက်ရှိ

By Just Earth News
27 May 2021
နီပေါနယ်စပ်မှတ်တိုင်များ နေရာရွေ့နေပြီး တရုတ်နှင့် ဆက်ဆံရေး ကျဆင်းလျှက်ရှိ

ခတ္တမန္ဒူ

တရုတ်က အိမ်နီးချင်း နီပေါနိုင်ငံအပေါ် ခက်ထန်သည့် သဘောထားကို ပြန်လည်ပြသနေချိန်တွင် နီပေါနိုင်ငံ၊ ဒေါ်လခါခရိုင်ရှိ နယ်စပ်မှတ်တိုင်များ မူလနေရာမှရွေ့နေကြောင်း မီဒီယာသတင်းများတွင် ဖော်ပြထားသည်။

နီပေါနယ်စပ်ရှိ ဒေါ်လခါခရိုင်အတွင်းမှ ဗီဂူးရွာတွင် နယ်နမိတ်မှတ်တိုင်များသည် ၁၀ဒသမ ၅ မီတာ အတွင်းဖက်သို့ ရောက်နေကြောင်း တွေ့ရှိခဲ့ရသည့် ကိစ္စကို နီပေါပြည်ထဲရေးဝန်ကြီးဌာနက နယ်စပ်နှင့် သတင်းအချက်အလက်ဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သတင်းပေးပို့ခဲ့သည်။

ထို့ပြင် နီပေါ နယ်စပ်မှတ်တိုင်အမှတ် ၆၀ သည်လည်း မူလနေရာတွင် မရှိတော့သောကြောင့် အနီးရှိ မြစ်ရေအတွက် မျောပါသွားဖွယ်ရှိသည်။ ကျူးကျော်မှု ထင်ရှားသည့်အချက်မှာ တရုတ်နိုင်ငံအလံ ၂တိုင်ကို တရုတ်နယ်စပ်မှတ်တိုင် အမှတ် ၆၀ အနီးတွင် လွှင့်ထူထားခြင်း ဖြစ်သည်။

တရုတ်နှင့် နီပေါ နယ်စပ်သည် သမိုင်းကြောင်းအားဖြင့် နယ်စပ်ထိန်းချုပ်စနစ် တစ်ခုဖြစ်သည်။ နှစ်နိုင်ငံ သဘောတူညီချက်အရ ၁၉၆၀ ပြည့်နှစ်တွင် စတင်ထူထောင်ခဲ့ပြီး နယ်နမိတ် သဘောတူစာချုပ်ကို ၁၉၆၁ ခုနှစ်တွင် ရေးထိုးခဲ့ပြီးနောက် နယ်နမိတ်မှတ်တိုင်များ တည်ဆောက်ခဲ့သည်ဟု EU Reporter တွင် ဖော်ပြထားသည်။

၁၉၆၁ ခုနှစ် စာချုပ် ချုပ်ဆိုပြီး နောက်ပိုင်းတွင်လည်း နီပေါနှင့် တရုတ်တို့အကြား နယ်နမိတ်သတ်မှတ်ချက် ပြင်ဆင်မှု များစွာလုပ်ဆောင်ခဲ့ရာတွင် နယ်ခြားတိုင် ၇၆ တိုင်ကိုလည်း ပုံသေစိုက်ထူနိုင်ခဲ့သည်။ သို့သော်တရုတ်အနေဖြင့် ယခုအခါ မိမိတို့ စိတ်ကြိုက်သတ်မှတ်နိုင်ရန် လုပ်ဆောင်လျှက်ရှိကြောင်း သတင်းဝက်ဘ်ဆိုက်တွင် ပါရှိသည်။

တရုတ်အနေဖြင့် နီပေါနယ်မြေကို ကျူးကျော်ဝင်ရောက်ကာ နယ်စပ်ဟမ်မလာပြည်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက အဆောက်အဦ ၁၁ လုံးကိုလည်း တည်ဆောက်ခဲ့သည်။ ယင်းဒေသသည် မိမိတို့ ပိုင်နက်ဖြစ်ကြောင်း နီပေါက ကြေညာထားသော်လည်း တရုတ်က ကန့်ကွက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly