ဘေးလ် Wrexham ကို ရောက်မှာလား။ အနားယူခဲ့တဲ့ ကြယ်ပွင့်ကို ပါဝင်ပတ်သက်လာအောင် ဟောလိဝုဒ် အသင်းပိုင်ရှင်တွေ ကြိုးပမ်း

ဘေးလ် Wrexham ကို ရောက်မှာလား။ အနားယူခဲ့တဲ့ ကြယ်ပွင့်ကို ပါဝင်ပတ်သက်လာအောင် ဟောလိဝုဒ် အသင်းပိုင်ရှင်တွေ ကြိုးပမ်း

Ryan Reynolds နဲ့ Rob McElhenney တို့ဟာ ဂါရတ်ဘေးလ်ကို ဘောလုံးကစားသမားဘဝ အနားယူရာကနေ ပြန်လာပြီး ရက်ဇ်ဟမ်း (Wrexham) အသင်းမှာ တစ်ရာသီကစားပေးဖို့ ဆွဲဆောင်နိုင်မယ့် ကမ်းလှမ်းမှုကို စိတ်အားထက်သန်စွာနဲ့ လူသိရှင်ကြား လုပ်ဆောင်နေပါတယ်။

ကမ္ဘာ့ဖလားအပြီးမှာ အနားယူခဲ့တဲ့ အသက် ၃၃ နှစ်အရ့ယ် ဝေးလ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ကစားသမား ဘေးလ်ဟာ သီတင်းပတ်ကုန်က အင်္ဂလန်ဘောလုံးလောက စတုတ္ထတန်း League Two (ပရီးမီးယားလိဂ်၊ ချန်ပီယံရှစ်နဲ့ လိဂ်ဝမ်းတို့အောက်)ကို Wrexham တန်းတက်လာခဲ့ပြီးမှာတော့ ကျော်ကြားတဲ့ ဆယ်လီ အသင်းပိုင်ရှင်တွေကို ဂုဏ်ပြုစကားပေးပို့ခဲ့ပါတယ်။

ဘေးလ်ရဲ့ ဗီဒီယိုမက်ဆေ့ချ်ကို တုံ့ပြန်တဲ့အနေနဲ့  McElhenney က “ဟေး ဂါရတ်ဘေးလ် ဂေါက်ကစားကြရအောင်ကွာ၊ နောက်ဆုံးမှော်ဝင်ရာသီတစ်ခုအတွက် မင်း ဘောလုံးကနေ အနားမယူပဲ သဘောကျအောင်လုပ်ဖို့ လုံးဝ အချိန် ၄ နာရီမဖြုန်းဘဲ ငါ ကြိုးပမ်းပြမယ်။”လို့ Twitter မှာ ရေးသားခဲ့ပါတယ်။

အားလပ်ချိန်တွေမှာ စိတ်အားထက်သန်တဲ့ ဂေါက်ရိုက်သမား ဘေးလ်က "ဘယ်ဂေါက်ကွင်းပေါ် မူတည်တာပေါ့ ..."လို့ ပြန်ရေးသားခဲ့ပြီး စကော့တလန်၊ စိန့်အန်ဒရူးဂေါက်ကွင်းက The Home of Golf မှာ British Open အခြေစိုက်က စီစဉ်ပေးတဲ့ R&A ကို tag တွဲခဲ့ပါတယ်။

Reynolds က  "မင်း Wrexham ကို တစ်ရာသီ ကစားပေးရင် Rob ရဲ့ နောက်ကျောမှာ ပရော်ဖက်ရှင်နယ်အဆင့် ဂေါက်ကွင်းတစ်ခုကို ငါ ထွင်းလုပ်ပေးလိုက်မယ်။"လို့ ဗုဒ္ဓဟူးနေ့က စိတ်အားထက်သန်စွာနဲ့ပဲ တွစ်တာမှာ မျက်နှာပြောင်တိုက်ခဲ့ပါတယ်။

ဘေးလ်ကို ခေါ်ယူမှုက အခွင့်အလမ်းနည်းဖွယ်ရှိပါတယ်။ သူ အနားယူပြီး သုံးလကြာခါမှ ဘောလုံးလောကမှာ တဆင့်နိမ့် အဆင့်မှာ တစ်ခါမှ မကစားဖူးပါဘူး။ ဒါပေမယ်ါ သူ့ကို လစာကြီးကြီးမားမား ပေးနိုင်ဖွယ်ရှိပါတယ်။ သူ့ကိုလည်း ဝေးလ်တောင်ပိုင်းက ကာဒစ်ဖ်မှာ မွေးဖွားခဲ့ပြီး Wrexham ဟာ ဝေးလ်ရဲ့ မြောက်ဘက်မှာ တည်ရှိပါတယ်။

စနေနေ့က Wrexham ဟာ Boreham Wood ကို ၃-၁ ဂိုးနဲ့ အနိုင်ရအပြီး National League ကနေ အလိုအလျောက် တန်းတက်ပြီးနောက်မှာတော့ အသင်းပိုင်ရှင်တွေ မျက်ရည်ကျခဲ့ပါတယ်။

(AP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly