တရုတ်က လစ်သူယေးနီးယား ပို့ကုန်များကို ဆက်လက်တားမြစ်ထား

တရုတ်က လစ်သူယေးနီးယား ပို့ကုန်များကို ဆက်လက်တားမြစ်ထား

၂၀၂၁ ခုနှစ်အစောပိုင်းတွင် လစ်သူယေးနီးယားနိုင်ငံ မြို့တော် ဗီးနပ်စ်၌ ထိုင်ဝမ်က ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ တရုတ်ပြည်မကြီးမှ လစ်သူယေးနီးယား၏ ပို့ကုန်များကို ဆက်တိုက် ပိတ်ဆို့ထား ကြောင်း လစ်သူယေးနီးယားက ဒီဇင်ဘာ ၃ရက်တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်က လစ်သူယေးနီးယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချကာ ယင်းနိုင်ငံကို ကန့်ကွက်သည့်အနေဖြင့် ဗီဇာထုတ်ပေးခြင်းကို ရပ်တန့်ခဲ့သည်။

"တရုတ်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်အတွက် ကျွန်တော်တို့ စိတ်မကောင်းပါဘူး" ဟု လစ်သူယေးနီး ယားသမ္မတ နူဆီဒါက သတင်းထောက်များအား ပြောကြားခဲ့သည်။

လစ်သူယေးနီးယား ကုမ္ပဏီများနှင့် စီးပွားရေးခေါင်းဆောင် အများအပြားသည် ယင်းတို့၏ ကုန်ပစ္စည်းများသည် တရုတ်နိုင်ငံတွင် အကောက်ခွန်ရှင်းလင်းနိုင်ခြင်းမရှိသည့်အတွက် စောဒကတက်ခဲ့ကြသည်။

လစ်သူယေးနီးယား စက်မှုလုပ်ငန်းရှင်များအဖွဲ့၏ ဥက္ကဌ ဂျနူးလဲဗီစီးယပ်စ်က ထိုကဲ့သို့သော ပြဿနာနှင့် ရင်ဆိုင်နေရသော ကုမ္ပဏီ ၅ ခုကို ရှိသည်ဟု သိရကြောင်း ဒေသတွင်း မီဒီယာသို့ ပြောကြားခဲ့သည်။

ယင်းပြဿနာကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများကို သက်သာစေရန် အမေရိကန်က လစ်သူယေးနီးယားကို ငွေကြေးဆိုင်ရာ ပံ့ပိုးကူညီမှုပေးရန် သဘောတူညီခဲ့ပြီးနောက် တရုတ်နှင့် အငြင်းပွားမှုတွင် ဥရောပသမဂ္ဂ၏ ခိုင်မာသော ထောက်ခံမှုကို လစ်သူယေးနီးယားက အလေးထား ရမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး လန်ဘာဂစ်က ပြောကြားခဲ့သည်။

လစ်သူယေးနီးယားနိုင်ငံ မြို့တော် ဗီးနပ်စ်တွင် ထိုင်ဝမ်က ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ပြီး နောက်တစ်ရက်တွင် နိုင်ငံခြားရေးဝန်ကြီး လန်ဘာဂစ်က လစ်သူယေးနီးယားသည် အမေရိကန် အစိုးရပိုင် ပို့ကုန်-သွင်းကုန်ဘဏ်နှင့် အမေရိကန်ဒေါ်လာ သန်း ၆၀ဝ တန်ဖိုးရှိ ပို့ကုန်ချေးငွေသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးမည်ဟု အတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly