ပါကစ္စတန်တွင် လူငယ် ၃၀ ရာခိုင်နှုန်းခန့် အလုပ်လက်မဲ့ဖြစ်နေ

ပါကစ္စတန်တွင် လူငယ် ၃၀ ရာခိုင်နှုန်းခန့် အလုပ်လက်မဲ့ဖြစ်နေ

ပါကစ္စတန်နိုင်ငံတွင် အလုပ်လက်မဲ့ဖြစ်နေသည့် လူငယ် ၃၁ ရာခိုင်နှုန်းရှိသည်ဟု ပါကစ္စတန် ဖွံ့ဖြိုးမှုဆိုင်ရာ စီးပွားရေး အဖွဲ့အစည်းက ဖေဖေါ်ဝါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။

၎င်းတို့အနက် ထက်ဝက်ကျော်သည် အမျိုးသမီးများ ဖြစ်ကြောင်း The Express Tribune က ဖော်ပြသည်။

ထို့ပြင် အဆိုပါ အလုပ်လက်မဲ့လူငယ်များအနက် အများအပြားသည် ပရော်ဖက်ရှင်နယ် ဘွဲ့ဒီဂရီများ ကိုင်ဆောင်ရရှိထားသူများဖြစ်သည့်အတွက် ယင်းနိုင်ငံ၏ အလုပ်လက်မဲ့ဖြစ်မှု အခြေအနေသည် အင်မတန် ဆိုးရွားလျက် ရှိနေသည်ဟု သိရသည်။

ပါကစ္စတန်လူဦးရေ၏ ၆၀ ရာခိုင်နှုန်းနီးပါးသည် အသက် ၃၀ နှစ်အောက် အသက်အပိုင်းအခြား ရှိသူများဖြစ်ကာ တစ်နိုင်လုံး၏ အလုပ်လက်မဲ့မှုနှုန်းသည် ၆ ဒသမ ၉ ရာခိုင်နှုန်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပါကစ္စတန်တွင် လူငယ်ဦးရေ ရုတ်တရက် အခိုက်အတန့် တိုးလာမှုနှင့် လူဦးရေ အခွင့်အလမ်းများ ရှိနေသော်လည်း လုပ်ငန်းခွင်စတင်ဝင်ရောက်ရမည့် လူငယ်များအတွက် အလုပ်လက်မဲ့ဖြစ်မှုနှုန်းသည်အကြီးမားဆုံးအဖြစ် ဆက်ရှိနေကြောင်း အစီရင်ခံစာအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly