ပြင်ဦးလွင်ရှိ ဒီးဒုတ်ရေပြာအိုင်စခန်းနှင့် သဘာဝလှိုင်ဂူ အဆင်မြင့်အပန်းဖြေစခန်းဖြစ်ဆောင်ရွက်မည်

ပြင်ဦးလွင်ရှိ ဒီးဒုတ်ရေပြာအိုင်စခန်းနှင့် သဘာဝလှိုင်ဂူ အဆင်မြင့်အပန်းဖြေစခန်းဖြစ်ဆောင်ရွက်မည်
(ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)

ပြင်ဦးလွင်၊ဇန်နဝါရီ ၁၈ ။            ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ ဒီဒုတ်ရေပြာအိုင်စခန်းနှင့် သဘာဝလှိုင်ဂူတို့အား အဆင့်မြင့်အပန်းဖြေနားနေစခန်းအဖြစ် အစိုးရသစ် လက်ထက်တွင် တင်ပြပြီး လုပ်ဆောင်သွားမည်ဟု အဆင့်မြင့်အပန်းဖြေစခန်းဖြစ်မြောက်ရေးကော်မတီ၊ အတွင်းရေးမှူး ဦးသိန်းအောင် က မဇ္ဈိမ ကိုပြောသည်။

"ဒီမှာက နေ့စဉ်ဧည့်ဝင်ထွက်မှုက တိုးတိုးလာတယ်။ နိုင်ငံခြားသားခရီးသွားတွေလည်းလာတယ် ။ဒါကြောင့်အဆင့်မြှင့်တင်ဖို့ဆောင်ရွက်ချင်တာပါ။ အိမ်သာ၊ရေချိုးခန်းကအစ ကောင်းကောင်းမရှိဘူး။ အားလုံးအဆင့်မြှင့်တင်ပြီးရင်တော့ ဒီမှာလုပ်ကိုင်ရောင်းဝယ်နေတဲ့သူတွေလည်း ဝင်ငွေပိုတိုးလာမယ်။ပြီးတော့ အလုပ်အကိုင်အခွင့်အလန်းလည်း ပိုပြီးပွင့်လာပါမယ်။"ဟု ဦးသိန်းအောင် ကပြောသည်။

အပန်းဖြေစခန်းအား ဒေသခံလုပ်ကိုင်ရောင်းဝယ်သူများမှစုပေါင်း၍ ကျပ်သိန်းပေါင်း နှစ်သောင်း အကုန်အကျခံတည်ဆောက်သွားမည်ဟု ဦးသိန်းအောင်ကဆိုသည်။ အဆိုပါဒီဒုတ်ရေပြာအိုင်နှင့် သဘာဝ လှိုက်ဂူတွင် ဈေးရောင်းချနေသောဆိုင်ခန်းပေါင်း ၃၀ ရှိပြီး အကျယ်အဝန်းဧကမှာ ၁၆၅ ဧက ရှိသည်ဟု ဦးသိန်းအောင် ကဆိုသည်။

ဒီဒုတ်ရေပြာအိုင်နှင့် သဘာဝလှိုင်ဂူသို့လာရောက်အပန်ဖြေအနားယူသူများစိတ်အေးချမ်းသာစွာအနားယူနိုင်ရန်အတွက် လုံခြုံရေးဝန်ထမ်း ၁၀ ဦးထားရှိသည်ဟုလည်း ဦးသိန်းအောင်ကဆိုသည်။

ဒီဒုတ်ရေပြာအိုင်နှင့်သဘာဝလှိုင်ဂူတော်သို့ နေ့စဉ် လာရောက်အပန်းဖြေသူ ၁၀၀ ဦးခန့်ရှိနေပြီး ဝါဆိုလပြည်၊သီတင်းကျွန်လပြည့်နှင့်သြင်္ကန်ကာလများတွင် လာရောက်အပန်းဖြေသူပိုမိုများသည်ဟု ဦးသိန်းအောင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly