တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်များ လူမြင်ကွင်းမှ ပျောက်ကွယ်နေ

By Big News Network
20 February 2022
တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်များ လူမြင်ကွင်းမှ ပျောက်ကွယ်နေ

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီ (PBSC) အဖွဲ့ဝင် ၆ ဦးတို့သည် ဖေဖော်ဝါရီ ၁၄ ရက်အထိ ၈ ရက်ဆက်တိုက် လူမြင်ကွင်းသို့ ပေါ်ထွက်မလာခြင်းမှာ တစ်မူထူးခြားနေပြီး လေ့လာစောင့်ကြည့်သူများကလည်း သတိထားမိခဲ့ကြသည်။

တရုတ် ဒုသမ္မတ ဝမ်ချီရှန်းတစ်ဦးသာ One Ocean အွန်လိုင်းထိပ်သီးအစည်းအဝေးကို အခြားနိုင်ငံအများအပြားမှ ခေါင်းဆောင်များနှင့်အတူ တက်ရောက်နေခဲ့သည်။

စိတ်ဝင်စားစရာကောင်းသည်မှာ PBSC အဖွဲ့ဝင် ဝန်ကြီးချုပ် လီခဲ့ချန်းက ရှန်တုန်းပြည်နယ် တီကျိုးမြို့တွင်ဖေဖော်ဝါရီ ၁၃ ရက်ကပြုလုပ်သော နွေဦးစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အလုပ်ညီလာခံ၌ အမှာစကား ပြောကြားခဲ့သည်။

သို့သော် လီခဲ့ချန်းက စာဖြင့်သာ အမှာပေးပို့ခဲ့ခြင်းဖြစ်ပြီး လူကိုယ်တိုင်မတက်ရောက်ခဲ့ပေ။

PBSC အဖွဲ့ဝင် ၇ ဦးလုံးသည် ပွဲအခမ်းအနားများကို အမှန်တကယ်ပင် မတက်ရောက်ကြကြောင်း ဤဖြစ်ရပ်များက ညွှန်ပြနေသည်။ ဖြစ်နိုင်ခြေတစ်ခုမှာ သမ္မတရှီသည် ဆောင်းရာသီအိုလံပစ်ပွဲ၌ ကမ္ဘာ့ခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် အားလုံးသည် သီးသန့်ခွဲနေဟန်ရှိပြီး ပြီးမှသာ အခြား PBSC အဖွဲ့ဝင်များနှင့် တွေ့ကောင်းတွေ့နိုင်သည်။

ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံပိုင်မီဒီယာ‘Jintai Information’ က ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းမြင်သာမှုသည် CPC သမိုင်းတွင် ကြီးမားသော နိုးထမှုတစ်ခုဖြစ်ကြောင်း အလေးထားဖော်ပြသည့် စာလုံးရေ ၈ ၆၀၀ ပါသော ဆောင်းပါးတစ်ပုဒ်ကို ထုတ်ဝေခဲ့ပြီး ၎င်းသည် တတိယမြောက် သမိုင်းဝင်ဆုံးဖြတ်ချက်များတွင် သမ္မတရှီ အဆိုပြုရန်ကြိုးစားခဲ့သော သဘောထားနှင့် ဆန့်ကျင့်နေပုံပေါ်သည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးပြီးကတည်းက ရှီကျင့်ဖျင်သည် ယခင်ခေါင်းဆောင်များ၏ နိုင်ငံရေးအမွေအနှစ်ကို နှိမ့်ချထားကြောင်း အချက်ပြမှုအများအပြားရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly