တရုတ်ဖွံ့ဖြိုးရေးဘဏ်၏ ဒုဥက္ကဌဟောင်းကို အကျင့်ပျက်ခြစားမှုဖြင့် ဖမ်းဆီး

တရုတ်ဖွံ့ဖြိုးရေးဘဏ်၏ ဒုဥက္ကဌဟောင်းကို အကျင့်ပျက်ခြစားမှုဖြင့် ဖမ်းဆီး

ကွန်မြူနစ်ပါတီကော်မီတီဝင်ဟောင်းနှင့် တရုတ်ဖွံ့ဖြိုးရေးဘဏ်၏ ဒုဥက္ကဌဟောင်းဖြစ်သူ ဟော်ရှင်းရှန်အား အကျင့် ပျက်ခြစားမှုစွဲချက်များဖြင့် ဖမ်းဆီးခံခဲ့ကြောင်း တရုတ်အစိုးရရှေ့နေချုပ်ရုံး၏ ဖေဖော်ဝါရီ ၁၃ ရက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရားလိုပြစွဲဆိုချက်များအရ ဟော်ရှင်းရှန်သည် လာဘ်ငွေလက်ခံမှု၊ စည်းမျဉ်းများချိုးဖောက်ပြီး ငွေရေးကြေးရေးစာရွက်စာတမ်းများထုတ်ပေးမှု၊ တရားမဝင်ချေးငွေထုတ်ပေးမှုနှင့် နိုင်ငံရပ်ခြားအပ်ငွေများကို ဖုံးကွယ်မှုစသည့် အမှု ၄ မှုတို့ဖြစ်သည်။

တရုတ်ဖွံ့ဖြိုးရေးဘဏ်သည် နိုင်ငံတော်ကောင်စီ၏ တိုက်ရိုက်စီရင်ပိုင်ခွင့်အောက်တွင်ရှိပြီး ၎င်း၏ လုပ်ရပ် များသည် "ကြီးမားသောဘဏ္ဍာရေးဆိုင်ရာအန္တရာယ်များဖြစ်ပေါ်စေသည်" ဟုဖော်ပြထားသည်။

အစောပိုင်းတွင် တရုတ်ဘဏ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (CBRC) မှ အကြီးတန်းအစိုးရအရာရှိဟောင်း ချိုအီဆန်းကို အကျင့်ပျက်ခြစားမှုစွဲချက်များဖြင့် တရုတ်အစိုးရရှေ့နေချုပ်ရုံးမှ ဖမ်းဆီးလိုက်ကြောင်း ယင်းရုံးမှ ဖေဖော်ဝါရီလ ၁၀ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် ဖေဖော်ဝါရီ ၉ ရက်မှစပြီး ဒုပြည်နယ် သို့မဟုတ် ဒုဝန်ကြီးအဆင့် အရာရှိများ၏ အထက် သို့မဟုတ် ရာထူးနှင့် ညီမျှသော ထိပ်တန်းပုဂ္ဂိုလ်များ နေ့စဉ်နှင့်အမျှ တရားစွဲခြင်း သို့မဟုတ် ဖမ်းဆီးခြင်း ခံနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly