သာကေတမြို့နယ်၊ ၇ စျေးအနီးတွင် စစ်ကောင်စီကား ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် ၇ စျေးမီးလောင်မှု ဖြစ်ပွား

By OAK
19 February 2022
သာကေတမြို့နယ်၊ ၇ စျေးအနီးတွင် စစ်ကောင်စီကား ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် ၇ စျေးမီးလောင်မှု ဖြစ်ပွား

ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ မြင်တော်သာလမ်းပေါ်ရှိ ၇ စျေးအနီးတွင် ဖေဖော်ဝါရီလ ၁၉ ရက် နေ့လယ် ၁နာရီခန့်က စစ်ကောင်စီကား ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် စျေးအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ဒီကောင်တွေရှို့တာပဲနေမှာ။ အဲ့နားမှာဒီကောင်တွေ Faw ကားကို ဗုံးပစ်ခံရတယ်။ သေနတ်တွေနဲ့ လိုက်ပစ်တယ်။ ခဏနေတော့ စျေးမီးလောင်တယ်။ မီးကတော့ များတယ်။ အခုထိ မီးသတ်ကားတွေနဲ့ လူနာတင်ကားတွေ သွားနေတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

မီးမှာ ဈေးအတွင်းပိုင်းမှ စတင်လောင်မြိုက်ခြင်းဖြစ်ကြောင်း အဆိုပါ ဒေသခံက ပြောသည်။

မီးလောင်မှုမှာ Level 2 အဆင့်ဖြစ်ပြီး နေ့လယ် ၁၂ နာရီ ၅၈ မိနစ်တွင် စတင်ခဲ့ပြီး ၁ နာရီ ၃၇ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်အဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီကား ဗုံးပစ်တိုက်ခိုက်ခံရပြီး‌ေနာက် စစ်ကောင်စီတပ်သားများက ဗုံးပစ်သူများက စစ်ကား သုံးစီးဖြင့် လိုက်လံရှာဖွေကာ အနီးတစ်ဝိုက်တွင် အသံဗုံးများ ဖောက်သွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါစျေး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်း အသေးစိတ်ကိုမူ ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

#သာကေတ

#၇စျေး

#စစ်ကောင်စီကား

ဗီဒီယိုအညွန်း - မီးလောင်နေသည့် သာကေတ ၇ဈေးကို မီးငြိမ်းသတ်နေစဉ်။​(credit - MFSP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly