"ရန် ငါ ပြတ်ဖို့ လိုတယ်" - “အမုန်းတရားစစ်ပွဲ ဖြစ်လို့ မရဘူး"(ဆောင်းပါး)

19 February 2022
"ရန် ငါ ပြတ်ဖို့ လိုတယ်" - “အမုန်းတရားစစ်ပွဲ ဖြစ်လို့ မရဘူး"(ဆောင်းပါး)

ဒီကနေ့ နွေဦးတော်လှန်ရေးမှာ စစ်အုပ်စုဟာ သူတို့ကို ကူညီနေတဲ့ ထောက်ခံသူတွေကို သုံးပြီး တော်လှန်ရေးအင်အားစုတွေကို ဖိနှိပ် သတ်ဖြတ်မှုတွေကို ရက်ရက်စက်စက် လုပ်နေပါတယ်။ ဒါဟာလည်း သူတို့ကို မောင်းနှင်နေတဲ့ ဖက်ဆစ် စစ်အာဏာယန္တရားကြီး ကြောင့် ဖြစ်ပါတယ်။ ဒီစစ်အာဏာယန္တရားကြီး အပြီးတိုင် ပျက်သုန်းဖို့လည်း ဒီကနေ့ နွေဦးတော်လှန်ရေးကြီး ရှိလာတာ ဖြစ်တယ်။ ဒီတော်လှန်ရေးကြီးမှာ ဒီမိုကရေစီအင်အားစုတွေဘက်မှာ ကဏ္ဍအလိုက် ဦးဆောင်ဦးရွက်ပြုတဲ့ နိုင်ငံရေးသမားတွေ၊ တော်လှန်ရေးသ မားတွေ ရှိပါတယ်။
စနစ်ကို တိုက်တဲ့ တော်လှန်ရေးမှာ နိုင်ငံရေးခံယူချက်တွေ ပြတ်သားကြဖို့ တိုက်တွန်းနှိုးဆော် စည်းရုံးတဲ့အခါမှာ နိုင်ငံရေးအရ ဦးဆောင်မှုပေးကြဖို့ တိုက်တွန်းလိုပါတယ်။ စနစ်ပြောင်းတိုက်ပွဲမှာ "ရန် ငါ ပြတ်ဖို့ လိုတယ်" ဆိုတာဟာ နိုင်ငံရေးရပ်တည်ချက် ပြတ် သားဖို့သာ ဖြစ်တယ်ဆိုတာကို တိုက်တွန်းကြဖို့ လိုပါတယ်။ "ရန် ငါ ပြတ်" ခြင်း ခေါင်းစဉ်အောက်ကနေ တစ်ဖက်နဲ့ တစ်ဖက် အသေ အကြေသတ်ဖို့ ဖြစ်တဲ့အထိ တွန်းအားပေးတာမျိုးကို မလုပ်မိဖို့ သတိထားကြဖို့ လိုသလို တော်လှန်ရေးအတွက်၊ လူထုစည်းရုံးရေးအ တွက်ဆိုပြီး ပြောဆိုစည်းရုံးသူတွေကိုလည်း တားမြစ်ကြဖို့ လိုပါတယ်။ လုပ်တဲ့နေရာမှာလည်း အာပတ်လွတ် စာထုတ်ရုံနဲ့ မဟုတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့် နိုင်ငံရေး အသိ၊ နိုင်ငံရေး သတိပေးဖို့ လိုပါတယ်။
ဒီကနေ့ နွေဦးတော်လှန်ရေးဟာ စနစ်ပြောင်းတိုက်ပွဲပါ။ "ရန် ငါ ပြတ်ဖို့ လိုတယ်" ဆိုတဲ့ စကားလုံးအောက်ကနေ တစ်ဖက်နဲ့ တစ်ဖက် "ငါ့ဘက်မဟုတ်ရင် သတ်" ဆိုတဲ့ အကြမ်းဖက်မှုကဲတဲ့ တော်လှန်ရေးကြီး မဟုတ်ပါဘူး။ ကိုယ့်လုံခြုံရေးအတွက် အသက်သေစေတဲ့ လက်နက်တွေ ကိုင်ထားလို့ ရပါတယ်။ သို့သော် ခုခံမှုစည်းထက် မကျော်တဲ့ ကိုင်ဆောင်ခြင်းမျိုးဖြစ်ဖို့ လိုပါတယ်။ စစ်ရေး အရ တိုက်ခိုက်ဖို့အတွက်သာ ဖြစ်ရပါမယ်။ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ခေါင်းစဉ်မျိုးစုံတပ် သုတ်သင်ရှင်းလင်းရေး လုပ်နေကြ ရင် ဒီအမုန်းသံသရာ ပိုကြီးလာဖို့ပဲ ရှိပါတယ်။

#MizzimaTV
#Politics

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly