တရုတ်နိုင်ငံ၏ ရေငုပ်သင်္ဘောသံခင်းတမန်ခင်း နက်နဲကျယ်ပြန့်လာ

By Asia Times
18 February 2022
တရုတ်နိုင်ငံ၏ ရေငုပ်သင်္ဘောသံခင်းတမန်ခင်း နက်နဲကျယ်ပြန့်လာ

တတိယနိုင်ငံသို့ရေငုပ်သင်္ဘောများရောင်းချမည့် တရုတ်နိုင်ငံကို ဂျာမနီကဆက်စပ်ပစ္စည်းများရောင်းချရန် ငြင်းဆိုလိုက်သောကြောင့် ယခုတရုတ်နိုင်ငံဝူဟန်မြို့တွင်တည်ဆောက်နေသော ထိုင်းနိုင်ငံသို့ပို့ဆောင်ရန် ကတိပြုထားသည့်ရေငုပ်သင်္ဘော၂စီးသည် သတ်မှတ်ကာလတွင် ရောက်နိုင်တော့မည်မဟုတ်ပေ။

ပို့ကုန်ကန့်သတ်ခြင်းများအပြင်အမှန်တကယ်အကြောင်းရင်းမှာဂျာမနီနှင့် ထိုင်းနိုင်ငံတို့သည် တရုတ်နိုင်ငံ၏ရေငုပ်သင်္ဘောသံခင်းတမန်ခင်းကို ပိုမိုသတိထားလာခြင်းကြောင့်ဖြစ်နိုင်သည်။

၂၀၁၇ခုနှစ်တွင် တရုတ်နိုင်ငံသည်အာဖရိကဦးချိုဒေသရှိဂျီဘူတီတွင်၎င်း၏ ပထမဆုံးနှင့် တခုတည်းဖြစ်သောပြည်ပစစ်အခြေစိုက်ရေတပ်စခန်းတစ်ခုကိုတည်ဆောက်ခဲ့သည်။ထို့ကြောင့်တရုတ်သည်အင်ဒို-ပစိဖိတ်ဒေသတွင်‘String of Pears’ ခေါ်စစ်အခြေစိုက်စခန်းကွန်ရက်များ တည်ဆောက်နေသည်ဟုထင်မြင်ယူဆချက်များပေါ်ထွက်ခဲ့သည်။

တရုတ်နှင့်အမေရိကန်နှင့်အိန္ဒိယကဲ့သို့သောဒေသတွင်းပြိုင်ဘက်များအကြားတင်းမာမှုများအရှိန်မြှင့်လာပါကတရုတ်သည်၎င်း၏ကိုယ်ပိုင်စစ်စခန်းတည်ထောင်စရာမလိုဘဲရှိပြီးသားပြည်ပြအခြေစိုက်စခန်းများသို့ဝင်ရောက်နိုင်မည်ဖြစ်သည်။

ထိုသို့သောဖြစ်ပေါ်တိုးတက်မှုများကိုကမ္ဘောဒီးယား၊မြန်မာ၊သီရိလင်္ကာ၊ဘင်္ဂလားဒေ့ရှ်၊ပါကစ္စတန်နှင့်ထိုင်းနိုင်ငံတို့တွင်တစ်ဆင့်ပြီးတစ်ဆင့်လုပ်ဆောင်လျက်ရှိသည်။

တရုတ်သည်ကမ္ဘောဒီးယားSihanoukville ဆိပ်ကမ်းအနီးရှိရီယမ်ရေတပ်အခြေစိုက်စခန်းအတွက်လည်း အဆင့်မြှင့်တင်မှုများလုပ်ဆောင်ရန်ရန်ပုံငွေထောက်ပံ့ကာကူညီနေသည်။

ကမ္ဘောဒီးယားသည်တရုတ်ရေငုပ်သင်္ဘောများကိုကမ်းလှမ်းခြင်းမရှိသေးသော်လည်းဒီဇင်ဘာလတွင်မြန်မာသည်တန်ချိန်၂၁၀၀ရှိType-035 Ming Class ရေငုပ်သင်္ဘောကိုတရုတ်နိုင်ငံမှရရှိခဲ့သည်။

မြန်မာကဲ့သို့ပင်ဘင်္ဂလားဒေ့ရှ်သည်တရုတ်နိုင်ငံ၏ခါးပတ်လမ်းရပ်ဝန်းတွင်ပါဝင်သော်လည်းအိမ်နီးချင်းအိန္ဒိယနိုင်ငံ၏ဖိအားကြောင့်သတိကြီးစွာဖြင့်နေနေရသည်။

၂၀၁၇ခုနှစ်က Type-035 Ming Class တရုတ်ရေငုပ်သင်္ဘော၂စီးကိုဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပို့ဆောင်ခဲ့ပြီးတရုတ်နည်းပညာရှင်များကလေ့ကျင့်မှုနှင့်ပုံမှန်ပြုပြင်ထိန်းသိမ်းမှုများလုပ်ဆောင်ပေးသည်။

သီရိလင်္ကာမှHambantota ဆိပ်ကမ်းသည်လည်း တရုတ်နိုင်ငံ၏ခါးပတ်လမ်းရပ်ဝန်းအတွင်းရှိ အခြားသောမဟာဗျူဟာမြောက်ချိတ်ဆက်မှုဖြစ်သည်။၂၀၁၈ခုနှစ်ဇူလိုင်လတွင်သီရိလင်္ကာအစိုးရက Galle ရှိ၎င်း၏ရေတပ်အခြေစိုက်စခန်းအား Hambantota သို့ပြောင်းရွှေ့မည်ဟုကြေညာခဲ့သည်။

ပါကစ္စတန်ရှိဂွါဒါဆိပ်ကမ်းမှာလည်းတရုတ်၏ရေတပ်စခန်းများကွက်ရက်ထဲမှတစ်ခုဖြစ်သည်။၎င်းဆိပ်ကမ်းသည်ခါးပတ်လမ်းရပ်ဝန်းတွင်အဓိကချိတ်ဆက်မှုဖြစ်သည့်တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) ၏အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်သည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလကပါကစ္စတန်သည်တရုတ်နိုင်ငံမှခေတ်မီဖရီးဂိတ်စစ်သင်္ဘော၄စီးနှင့် Hangor အတန်းစားရေငုပ်သင်္ဘော၈စီးတို့ကိုဝယ်ယူမည်ဖြစ်ကြောင်းကြေညာခဲ့သည်။

တရုတ်နိုင်ငံသည်အမြဲတမ်းအခြေစိုက်စခန်းများကိုတည်ဆောက်နေခြင်းမဟုတ်ဘဲအိန္ဒိယသမုဒ္ဒရာနှင့်အလွန်တွင်၎င်း၏ရေတပ်သင်္ဘောအစုကိုပံ့ပိုးပေးမည့်ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်တစ်ခုကိုအကောင်အထည်ဖော်ခြင်းဖြစ်သည်။တရုတ်၏ရက်ရောသည်ဟုထင်ရဖွယ်ရှိသောရေငုပ်သင်္ဘောများပေးအပ်မှု၊လေ့ကျင့်ပေးမှုများနှင့်ပြုပြင်ထိန်းသိမ်းပေးမှုများသည်မနှစ်မြို့ဖွယ်အကျိုးဆက်များဖြစ်လာပေမည်။ထိုင်းနိုင်ငံမှဗျူဟာဆိုင်ရာလေ့လာသုံးသပ်သူတစ်ဦးက “အဲဒီလိုလုပ်ရပ်ဟာ အချုပ်အခြာအာဏာနိုင်ငံအဖြစ် လွတ်လပ်စွာလုပ်ဆောင်နိုင်တဲ့ကျွန်တော်တို့ရဲ့စွမ်းရည်ကိုထိခိုက်စေလိမ့်မယ်” ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly