တရားမဝင်တူမီးသေနတ် ကိုင်ဆောင်ထားသော တရုတ်စကားပြန် တစ်ဦးအား ဖမ်းဆီး

တရားမဝင်တူမီးသေနတ် ကိုင်ဆောင်ထားသော တရုတ်စကားပြန် တစ်ဦးအား ဖမ်းဆီး

မုံရွာ၊ ဇန်နဝါရီ ၁၇ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် တူမီးသေနတ် တရားမဝင်ကိုင်ဆောင်ထားသော တရုတ်စကားပြန်အား ယခုလ ၁၅ ရက်က  ဖမ်းဆီးထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဗန်းမောက်မြို့နယ်တွင် ရွှေသတ္ထု တူးဖော်ရေး ကုမ္ပဏီတစ်ခုမှ တရုတ်စကားပြန် တစ်ဦးထံတွင် တရားမဝင်တူမီးသေနတ် ကိုင်ဆောင်ထားကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးရာ လက်ဝယ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွှေသတ္ထုတူးဖော်ရေး ကုမ္ပဏီမှ တရုတ်စကားပြန် အားချွန်(ခ) လှထွန်း(၂၄) နှစ်၏ နေအိမ် အိပ်ခန်းအတွင်းမှ အရှည် (၃)ပေ၊ (၄) လက်မ၊ ပြောင်းအကျယ် (ဝ ဒသမ ၂၅) လက်မခန့်ရှိ တူမီးသေနတ်အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အားချွန်သည် ကိုးကန့်+လီရှော လူမျိုး ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို မြို့နယ်၊ ဒိုးပင်ကျေးရွာမှ ယင်းကုမ္ပဏီတွင် တရုတ်စကားပြန်အဖြစ် လာရောက် လုပ်ကိုင်ခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင် တူမီးသေနတ် ကိုင်ဆောင်သူ တရုတ် စကားပြန် အားချွန်အား ဗန်းမောက်မြို့မ ရဲစခန်း (ပ)၉/၂၀၁၆၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ) အရ အမှုရေးဖွင့်ကာ ဖမ်းဆီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly