တိဗက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကနေဒါတွင် မော်တော်ကားများဖြင့် စုဝေးချီတက်ပွဲကျင်းပ

တိဗက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကနေဒါတွင် မော်တော်ကားများဖြင့် စုဝေးချီတက်ပွဲကျင်းပ

ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သော ၁၀၉ နှစ်မြောက် တိဗက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် မော်တော်ကားများဖြင့် စုဝေးချီတက်ပွဲ ကျင်းပခဲ့သည်။ ကားစုဝေးချီတက်ပွဲကို ဒေသန္တရာတိဗက်လူငယ်ကွန်ဂရက် (RTYC) အဖွဲ့က ဦးဆောင်ကျင်းခဲ့ခြင်းဖြစ်ပြီး တိဗက်ရပ်ကွက် ၁၆၂၄ Queen အနောက်လမ်းမှ စတင်ကာ တရုတ်ကောင်စစ်ဝန်ရုံးအထိ မောင်းနှင်ခဲ့ကြသည်။

၁၉၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ၁၃ ဆက်မြောက်ဒလိုင်းလားမားက တိဗက်လွတ်လပ်ရေးကြေညာစာတမ်းဖြင့် တိဗက်လွတ်လပ်ရေးကြေညာခဲ့ပြီး ထိုအချိန်မှစ၍ တိဗက်သမိုင်း၏

အရေးပါမှုကို ပြည်သူများအား အသိပညာပေးရန် ဖေဖော်ဝါရီ ၁၃ ရက်နေ့ကို တိဗက်လွတ်လပ်ရေးနေ့အဖြစ်သတ်မှတ်ခဲ့ကြသည်။

တိဗက်ကို ပေကျင်းအခြေစိုက်သည့် တရုတ်ကွန်မြူနစ်ပါတီ အစိုးရမှ အုပ်ချုပ်ပြီး ဒေသန္တရ ဆုံးဖြတ်ချက်အာဏာကို တရုတ်ပါတီအရာရှိများက ချုပ်ကိုင်ထားသည်။

တရုတ်စစ်တပ်က တိဗက်မြောက်ပိုင်းသို့ မဝင်ရောက်မီ ၁၉၅၀ခုနှစ်အထိ တိဗက်သည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly