အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်၏ မဟာဗျူဟာသစ်က တရုတ်၏ အကျပ်ကိုင်မှုနှင့် ဒေသတွင်း ရန်လိုမှုများကို စိန်ခေါ်

အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်၏ မဟာဗျူဟာသစ်က တရုတ်၏ အကျပ်ကိုင်မှုနှင့် ဒေသတွင်း ရန်လိုမှုများကို စိန်ခေါ်

တရုတ်က စီးပွားရေးအကျပ်ကိုင်မှုနှင့် အာဏာရှင်ဆန်ဆန်ချည်းကပ်မှုမှတစ်ဆင့် အာရှနိုင်ငံများကို ပြင်းထန် သော ပထဝီဝင်နိုင်ငံရေး စိန်ခေါ်မှုများကို ဆက်လက်လုပ်ဆောင်နေချိန်တွင် အမေရိကန်က အင်ဒို-ပစိဖိတ် မဟာဗျူ ဟာသစ်ကို ကြေညာလိုက်ခြင်းဖြင့် အမေရိကန်အစိုးရသည် အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ အကျပ်ကိုင်မှု၊ ရန်လိုမှုနှင့် စည်းမျဉ်းအခြေခံ ကမ္ဘာ့အစီအစဉ်ကို ခြိမ်းခြောက်မှုများကို ဟန့်တားရန် ရည်ရွယ်ထားသည်။

အမေရိကန်အစိုးရသည် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အရဲကိုးလာခြင်းကို ကိုင်တွယ် ဖြေရှင်း ရန်နှင့် နိုင်ငံတကာအသိုက်အဝန်းအတွက် ဒေသတွင်း လုံခြုံရေးနှင့် ပိုမိုကောင်းမွန်စေရေးအတွက် အချိန်ယူ၍ ရေးဆွဲ ထားသော အင်ဒို-ပစိဖိတ်မဟာဗျူဟာကို ဖေဖော်ဝါရီ ၁၁ ရက်က ထုတ်ပြန် ခဲ့သည်။

အဆိုပါ မဟာဗျူဟာတွင် အင်ဒို-ပစိဖိတ်ဒေသ၌ အမေရိကန်၏ အခိုင်အမာ ရပ်တည်မည့် သမ္မတ၏ မျှော်မှန်းချက် ကို အကျဉ်းချုံးဖော်ပြကာ ဒေသတွင်းတွင် ခိုင်မာအားကောင်းလာစေရေးနှင့် အိန္ဒိယ၏ အင်အားကြီးမားလာမှုနှင့် ဒေသဆိုင်ရာ ခေါင်းဆောင်မှုလုပ်ငန်းစဉ်ကို ထောက်ခံပံ့ပိုးပေးနေကြောင်း The Hong Kong Post က ဖော်ပြခဲ့သည်။

အိန္ဒိယနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်တည်ဆောက်နေချိန်တွင် တရုတ်က အမေရိကန်နှင့် အခြားနိုင်ငံများကို ထိပ်တိုက်တွေ့နေသည့် အင်ဒို-ပစိဖိတ်ဒေသအား လွတ်လပ် ပွင့်လင်းသောဒေသ ဖြစ်ရေးအတွက် အမေရိကန်က ဆက်လက်အားဖြည့်ပံ့ပိုး သွားမည်ဖြစ် ကြောင်း အဆိုပါစာတမ်းတွင် ဖော်ပြထားသည်။

အမေရိကန်သည် အိန္ဒိယနှင့် အဓိကကာကွယ်ရေးမိတ်ဖက်ဆက်ဆံရေးကို အရှိန်အဟုန်မြှင့်တင်ကာ သီးခြား လုံခြုံရေးပေးသူအဖြစ် အိန္ဒိယ၏ အခန်းကဏ္ဍကို ပံ့ပိုးကူညီသွားမည်ဟု အဆိုပါမဟာဗျူဟာစီမံချက်တွင် ဖော်ပြထားသည်။

မိတ်ဖက်များနှင့် မဟာမိတ်များထံမှ အကျိုးစီးပွားများ ပေါင်းစည်းကာ ဒေသတွင်းတွင် အမေရိကန်၏ စီးပွားရေး နှင့် သံတမန်ရေးအရ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည်ဟု အိမ်ဖြူတော်၏ ဆက်စပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ဒေသတွင်း၊ သမုဒ္ဒရာများတစ်လျှောက်နှင့် နိုင်ငံရေးပါတီများနှင့် ကတိကဝတ်များ ပေါင်းစည်းခြင်းသည် ငြင်းဆို၍ မရနိုင်သော အဖြစ်မှန်ကို ထင်ဟပ်စေပြီး- အင်ဒို-ပစိဖိတ်ဒေသသည် ကမ္ဘာ ပေါ်တွင် အတက်ကြွဆုံးဒေသဖြစ်ပြီး ယင်း၏ အနာဂတ်သည် နေရာတိုင်းမှ လူများအပေါ် သက်ရောက်မှုရှိသည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"လာမည့်ဆယ်စုနှစ်များအတွင်း မိမိတို့၏ စုပေါင်းကြိုးပမ်းမှုသည် အင်ဒို-ပစိဖိတ်နှင့် ကမ္ဘာကိုအကျိုးပြုသည့် စည်းမျဉ်းများနှင့် စံနှုန်းများကို တရုတ်က ပြောင်းလဲရာတွင် အောင်မြင်မှု ရှိမရှိ ဆုံးဖြတ်ပေးလိမ့်မည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly