Spring Hero Ep11

18 February 2022
Spring Hero Ep11

ဖေဖော်ဝါရီလ ၁၈ ရက်

"လူတိုင်းက တော်လှန်ရေးတပ်သားပဲ" ဆိုတဲ့ သပိတ်ဦးဆောင်သူ မအေးမြင့်အောင်အောင်

ဒီတစ်ပတ်ရဲ့ "နွေဦးသူရဲကောင်းများ" အစီအစဉ်မှာတော့ သပိတ်ဦးဆောင်သူတစ်ဦးဖြစ်တဲ့ မအေးမြင့်အောင်အောင်ရဲ့ တော်လှန်ရေးလှုပ်ရှားမှုအခြေအနေတွေကို တင်ဆက်ပေးချင်ပါတယ်။

မန္တလေးတက္ကသိုလ်ကနေ ဥပဒေဘာသာနဲ့ ဘွဲ့ရပြီးနောက် မဟာအရည်အချင်းစစ်သင်တန်းဆက်လက်တက်ရောက်နေတဲ့ မအေးမြင့်အောင်အောင်ကတော့ စစ်အာဏာသိမ်းလိုက်တဲ့နောက် မန္တလေးသပိတ်တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ တော်လှန်ရေးမှာ တောက်လျှောက် ပါဝင်လှုပ်ရှားခဲ့တဲ့အပြင် လက်ရှိ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာ လှည့်လည်ပြီး လူထုလှုပ်ရှားမှု ဆန္ဒပြသပိတ်တွေကို ပြုလုပ်နေပါတယ်။ 

"ခေါင်းဆောင် တစ်ယောက်ကျသွားယုံနဲ့ ခေါင်းဆောင်တွေ မရှိတော့ဘူးဆိုတာမှားတယ်။ ခေါင်းဆောင်ပိုင်းတွေကို ဖြိုခွင်းယုံနဲ့ တော်လှန်ရေးက ရပ်တန့်မသွားဘူး၊ ပြိုကွဲမသွားဘူး။ စစ်ကောင်စီက အကြောက်တရားနဲ့အုပ်ချုပ်ဖို့ ဖိနှိပ်လေလေ လူထုက ကြွလေလေပဲ။ ဒါကို စစ်ကောင်စီအနေနဲ့ သိဖို့လိုတယ်" လို့လည်း သူမက ဒီအစီအစဉ်မှာ ပြောထားပါသေးတယ်။ ဆက်လက်ရှုစားပေးပါဦး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly