NLD ပါတီ နာယက သူရဦးတင်ဦး COVID-19 ကူးစက်ခံရ

NLD ပါတီ နာယက သူရဦးတင်ဦး COVID-19 ကူးစက်ခံရ

ဖေဖော်ဝါရီလ ၁၈ ရက်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ သဘာပတိအဖွဲ့ဝင် နာယကကြီး သူရဦးတင်ဦး COVID-19 ကူးစက် ခံထားရကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ယနေ့ တွင်သူ၏ ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

လက်ရှိတွင် နာယကကြီး အနေဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံသစ် (စိန့်ဂျွန်း)သို့ တက်ရောက် ကုသနေသည်ဟု ဆိုသည်။

နာယကကြီး သူရဦးတင်ဦးသည် Covid 19 ကူးစက် ခံရခြင်းကြောင့် အောက်ဆီဂျင် ကျဆင်း ခဲ့သော်လည်း သန်သန်မာမာရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required