ဖားကန့် မြို့နယ်က စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးနှင့် KIA ၊ PDF ၊ NUG ထောက်ခံပွဲ

18 February 2022
ဖားကန့် မြို့နယ်က စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးနှင့် KIA ၊ PDF ၊ NUG ထောက်ခံပွဲ

ဖေဖော်ဝါရီ ၁၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပြည်သူ့ ကာကွယ်ရေး တပ် (PDF) နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တို့ကို ထောက်ခံခြင်းနှင့် စစ်အာဏာရှင် စနစ် အမြစ်ဖြတ် ချေမှုန်းရေး ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်တွင် ချီတက် ဆန္ဒပြ သပိတ်မှောက်ကြသည်။

ဆန္ဒပြ ပြည်သူများက ‘’ KIA ၊ PDF တိုက်ပွဲတိုင်း မှာနိုင်ပါစေ “ ၊ ‘’တိုင်းရင်းသားတပ်တွေ တိုက်ပွဲတိုင်းမှာ နိုင်ပါစေ” ၊ ‘’NUG အစိုးရ ဒို့အစိုးရ” ၊ ‘’ အကြမ်းဖက်စစ်တပ် လုံးဝအုပ်ချုပ်ခွင့် မရစေရ” ၊ ‘’ အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင် အဖွဲ့ အသေဆိုး နဲ့ သေပါစေ’’၊ ‘’စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ဒို့အရေး” ၊ ‘’ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး” ၊ ‘’ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး” ၊ “နွေဦး တော်လှန်ရေး အရေးတော်ပုံ အောင်ကို အောင်ရမည်” စသည့် ကြွေးကြော်သံများဖြင့် ချီတက် ကြသည်။

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required